အပိုင်း (10) Uni/Zawgyi

6.5K 289 26
                                    

ဘုရင့် သည်းဦးပန်
အပိုင်း(10)

"ဘာလို့လဲ သည်းဆံပင်စည်းတော့"

အတင်း မေးနေတဲ့ ဒီကောင်မလေးကြောင့်

"လှလို့ကွာ... လှလို့.."

လိုင်းယ(န်) သူမကို မကြည့်ပဲ လေသံမာမာကို
အသုံးပြု၍ဖြေလိုက်သောအဖြေကို ခေတ္တငြိမ်သက်စွာ ပြူးကြည့်နေသည့် သည်းတစ်ယောက် ရုတ်တရက် တခစ်ခစ်ထရယ်ပါတော့သည်။

"ခွီး....ခစ် ခစ် အဟင်း ဟင်း ဟင်း !"

လိုင်းယ(န်)သည် တခစ်ခစ် ရယ်သံကြောင့် သူမကို တစ်ခါလှည့်ကြည့်၍

"ဘာကိုရယ်နေတာလဲ ကိုယ်ဟာသပြောနေတယ်ထင်လို့လား"

"နောက်ဆုံးတော့ ကိုကိုက သည်းကို သဝန်တိုနေတာကိုး!"

သည်း ပြောခါမှ လိုင်းယ(န်)ပြန်စဉ်းစားမိသည် ။

ငါဘာလို့ ဒီလိုတွေလုပ်နေမိတာပါလိမ့်
တကယ်ဆို ငါသူ့အပေါ်မှာခံစားချက်မရှိဘူးဆိုရင် ဒီလိုတွေဖြစ်နေစရာအကြောင်းမရှိဘူး
လိုင်းယ(န်) ဒီကောင်မလေးကမင်းရဲ့မိဖုရား မင်းရဲ့ခံစားချက်တွေ နှလုံးသားရေးရာတွေကို ဦးစားပေးနေမယ့်အချိန်မဟုတ်ဘူး မင်းကျိန်စာကိုဖြေဖျက်ပေးမယ့် မင်းရဲ့မိဖုရားဆိုတာ မင်းအတွက်အမုန်းတွေပဲဖြစ်တည်စေမယ့်သူ ဆိုတာ မေ့လို့မရဘူး။

နှလုံးသားရဲ့အလိုတော်ကို ဦးနှောက်က တိုက်ဖျက်ဖယ်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတိအချက်တွေအထပ်ထပ်ပေးကာ သူမကို လှည့်မကြည့်တော့ဘဲ သူမအခန်းသို့လာရင်းကိစ္စအား ခဏဘေးဖယ်ထားပြီး ခပ်သွက်သွက်ထွက်သွားသည့် လိုင်းယ(န်)ရဲ့ ခြေလှမ်းတွေမှာ ဝမ်းနည်းကြေကွဲခြင်းများအပြင် နာကျင်မှုတွေပါ ကပ်ငြိပါသွားသည်ကိုတော့ သူခြေဖျားအောက်က ကြမ်းပြင်ကြီးပင် သိနိုင်မည်မဟုတ်။

"ခစ် ခစ် ခစ် ရှက်ပြီး ထွက်သွားပြီ ဟွန့် ချစ်ဖို့ကောင်းလိုက်တဲ့ ကိုကို !"

အတိတ်တွေအနာဂတ်တွေ ဘာမှမသိရှာတဲ့ သည်းဟာ အခုချိန်မှာရယ်နေနိုင်ပေမဲ့.....

သည်းသည် မှန်ထဲမှာသေချာပြန်ကြည့်၍

"ကျစ်....အရမ်းကြီး သိသာနေမလား နာလိုက်တာ "

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now