Chapter -15 (Part 2)

2.8K 425 52
                                    


UNICODE




ဤအတိုင်းဆက်သွားလျှင် ကျောင်းလီ က သူတစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်နေရတယ်။ သူကသူ့ကိုအပြင်အကြာကြီးမထွက်ခိုင်းဘူး။ အခုလက်ရှိသူ့မှာအလုပ်မရှိတဲ့အတွက် အိမ်မှာနေရင်းဘာသာပြန်အလုပ်အချို့ရှာသင့်တယ်။

အူးယမ်ဟာအိမ်ထဲမှာတနေ့တနေ့ဘာမှမလုပ်ပဲထိုင်နေတတ်ပြီး ငေးစိုက်ကြည့်နေတတ်တယ်။ ခဏလေးအတွင်းမှာသူကတော်တော်အသက်ကြီးလာတယ်လို့ထင်ရတယ်။

တစ်နေ့မှာ အမည်မသိနံပါတ်တစ်ခုဆီမှ ဖုန်းဝင်လာပြီး အခြားတစ်ဖက်မှရှောင်ရွှမ်း၏အသံဖြစ်နေတယ်။

"ဆရာ"

"......."

သူကဒီလူနဲ့စကားပြောဖို့အတွက် နောက်ဆုံးအချိန်ထိ ဆန္ဒရှိပေမယ့်လည်း အခုကျတော့ဘာပြောရမယ်မှန်းမသိဖြစ်နေတယ်။ သူကလက်လျှော့လိုက်တဲ့အတွက် ဘာမှပြောစရာမရှိတော့တာလည်းဖြစ်နိုင်တာပဲ။

"ဆရာ! ကျွန်တော့်ကို စိတ်ဆိုးနေတယ်ဆိုတာသိပါတယ်"

"...."

"ဆရာ , အဲ့ဒီမှာပဲလား?"

"...."

"ဆရာ, ကျွန်တော်ဖုန်းမြန်မြန်ချရတော့မယ်, ညကျ ထွက်လာပြီး ကျောင်းနားက ကားပါကင်အဟောင်းမှာ ကျွန်တော့်ကိုစောင့်နေပါ....ညဆယ့်တစ်နာရီထိုးတဲ့အထိစောင့်ပါ...နော်?"

ခေါ်ဆိုမှုကတစ်မိနစ်ပင်မကြာခဲ့ပါ။ အူးယမ်အခုထိ သူ့စိတ်ထဲထင်ယောင်ထင်မှားတစ်ခုဖြစ်နေတာလို့ပဲထင်နေတုန်း။ သို့ပေမယ့်လည်း ထိုခေါ်ဆိုမှုမှတ်တမ်းက အမှန်တကယ်ရှိနေခဲ့တယ်။ သူဖုန်းပြန်ခေါ်သောအခါမည်သူမျှမဖြေခဲ့ပေ။ အဲ့တာက လမ်းဘေးက ဖုန်းတစ်လုံးသာဖြစ်တယ်။

အိပ်မက်တစ်ခုလိုပဲ.. ဒါပေမယ့်ခံစားချက်ကအရမ်းရှင်းလင်းနေတယ်၊ သူ့နှလုံးသားကမြန်မြန်ခုန်နေဆဲပင်။ သူကရှောင်ရွှမ်းနဲ့ထပ်တွေ့ရမယ်လို့တွေးမိတာနဲ့သူ့လက်တွေတောင်တုန်လာတယ်။

ညရောက်တော့မိုးစရွာတော့တယ်။ သူကကျောင်းလီပြန်မရောက်သေးခင် ထီးတစ်ချောင်းယူကာ တံခါးမှခိုးထွက်ခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now