Chapter...26

9.5K 543 31
                                    

သွန်းနဒီ နှလုံးအောင့်၍သတိလစ်သွားသော
ကြောင့် ဘွားကဆရာဝန်ပင့်ပြီး စမ်းသပ်ခိုင်း
လေသည်...အောက်ထပ်ကဧည့်သည့်ခန်းမှာ
အနားယူခိုင်းပြီး ထိုမိန်းမကိုနေရာပေးထားရ
သောကြောင့် ခမ်းမကျေမချမ်းဖြစ်နေမိသည်

သူစိတ်သူ့သဘောဆို မေ့လဲနေတဲ့သွန်းနဒီကို
ဂုတ်ကဆွဲပြီးလမ်းပေါ်ပစ်ထားမိမှာမလွဲ....
အဖြစ်သည်းနေတဲ့ဘွားကဧည့်သည့်ခန်းထဲ
ခေါ်သွားတာကြောင့် တားရုံပင်မရလိုက်ချေ..

ထိုမိန်းမသေသေကျေကျေ ခမ်းကဂရုမစိုက်
သလို သည်းသက်ဘေးနားမှာပါးလေး
နမ်းလိုက်..ကိုယ်လုံးလေးဆွဲညှစ်လိုက်နဲ့ချစ်မဝဖြစ်နေတာကြောင့် ထိုမိန်းမကိုအာရုံထဲ
တောင်မထားမိ....

"ဒေါက်...ဒေါက်..."

"ဘယ်သူလဲ...ငါသည်းသက်နဲ့ရှိတဲ့အချိန်မနှောက်ယှက်နဲ့လို့ပြောနေတာ မနာခံကြတာ
လား...အကုန်သတ်ပစ်မှအေးမှာ.."

"မင်းရမ်းသမ်းအော်မနေနဲ့ခမ်း...မင်းအဘွား
ဖြစ်တဲ့ငါကစကားပြောချင်လို့တံခါးခေါက်
လိုက်တာ..."

စုတ်တစ်ချက်သတ်လိုက်ပြီး သည်းသက်ပါး
လေးကိုနမ်း၍ အခန်းအပြင်သို့ထသွားလိုက်
လေသည်...။

"အဲ့မိန်းမနဲ့ပတ်သက်တာဆိုရင်မပြောနဲ့တော့
အဲ့ခွေးမကိုခေါ်ပြီး ပြန်တော့..."

"ငါကပြန်လို့ရပေမဲ့ သွန်းကိုတော့ဒီအိမ်မှာ
ခနထားရလိမ့်မယ်..."

ဘွားဆီကကြားလိုက်ရတဲ့စကားကြောင့်ခမ်း
ကိုယ့်နားတောင်ကိုယ်မယုံနိင်ပေ..သည်းသက်
ကိုယုတ်မာထားတဲ့ မိန်းမကိုအိမ်မှာထားရ
မယ်တဲ့လား....။

"အဲ့ဒီအောက်တန်းစားမိန်းမနဲ့ပေါင်းပြီး ဘွား
လည်းရူးသွားပြီထင်တယ်..အဲ့မိန်းမကိုမြင်နေ
သရွေ့ သတ်ချင်တဲ့စိတ်ဘဲရှိတယ်.."

"သူကရောဂါသည်လေးပါ ခမ်း...မင်းအမေရဲ့ နှလုံးကသူဆီမှာလည်ပတ်နေတာ...အခုလည်း သူဘယ်လောက်စိတ်ဓာတ်ကျစရာတွေရှိ
လို့ နှလုံးရောဂါထရသလဲမှမသိတာ..ဆရာဝန်
ကပြောတယ်...လူနာကိုစိတ်ချမ်းသာအောင်ထားတဲ့...သူစိတ်ချမ်းသာစရာဆိုလို့ မင်းနဲ့ပြေ
လည်အောင်နေချင်တာဘဲရှိတာပါ..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now