|40|

2.3K 424 9
                                    

[Unicode]

ညစာစားပြီးကျချိန်မှာ၊ ဟယ်ရှင်းလျန်က အိမ်စာလုပ်ဖို့အတွက် သူ့အခန်းထဲဝင်သွားတယ်။
ဖက်တီးနဲ့ ရှီချင်းချင်းဟာလည်း အိမ်ပြန်ဖို့ပြင်တယ်။ ယန်ထန်က တံခါးဝမှာရပ်နေပြီး၊ လက်ကတော့ ဟယ်ရှင်းချွမ်ခါးသွယ်သွယ်လေးပေါ်မှာ။

"နောက်တစ်ခါလာလည်ရင် မင်းဂွတ်သီးဝယ်မလာနဲ့၊ ပန်းသီးနဲ့ မက်မန်းသီးပဲဝယ်လာခဲ့"

သူ့ဖြူလေးက မင်းဂွတ်သီးမကြိုက်ဘူး။

ရှီချင်းချင်းဖိနပ်ကြိုးကို ငုံ့ချည်ပေးနေတဲ့ဖက်တီးက
"လက်ဆောင်က ဝယ်လာရဦးမှာလား?"

ဖက်တီးကိုလှမ်းကန်ဖို့လုပ်ပေမဲ့၊ ဖက်တီးကတော့ လျင်မြန်စွာပဲ အပြင်ပြေးထွက်သွားတယ်။
သူ့ကောင်မလေးကိုလည်း ဆွဲခေါ်ရင်းနဲ့ပေါ့။
"ရှင်းချွမ်ရေ! ငါတို့ပြန်ပြီနော်!"

"အာ...မင်းတို့တွေ အရမ်းမပြေးနဲ့! ဖြေးဖြေးဆင်းကျ! ပထမထပ်မှာမီးမရှိဘူး! လှေကားထစ်တွေကို သတိထားကျဦး!"

အောက်လိုက်ဆင်းချင်နေတဲ့ဖြူလေးခါးကို ဖမ်းဆွဲကာ၊ အိမ်ထဲအမြန်ခေါ်သွင်းလိုက်ရတယ်။
"လွှတ်ထားလိုက်စမ်းပါ၊ ဘာမှမဖြစ်လောက်ပါဘူး"

ဟယ်ရှင်းချွမ်က ဟယ်ရှင်းလျန်အခန်းဆီအကြည့်ရောက်သွားတယ်။ ယန်ထန့်လက်မောင်းကို ပုတ်လာပြီး
"ရှင်းလျန်မြင်သွားဦးမယ်..."

"ဘာကိုမြင်မှာလဲ?"

စူးစိုက်ကြည့်နေတဲ့ယန်ထန့်မျက်လုံးတွေဟာ ဘလက်ဟိုးလ်တစ်ခုလိုပဲ၊ သတိမထားမိတာနဲ့ လူကိုဆွဲနှစ်လိုက်လေမလား။

ယန်ထန့်လည်ပင်းကို လက်တွေသိုင်းဖက်လိုက်ပြီး၊ ဟယ်ရှင်းချွမ်ဟာ အနမ်းတစ်ခုကိုပဲဖန်တီးလိုက်တော့တယ်။

အင်းလေ...မြင်သွားလဲဘာဖြစ်မှာမို့လို့လဲ!

ချစ်သူတွေနမ်းတာကို မမြင်ဖူးကျဘူးလား?

တက္ကစီပေါ်မှဖက်တီးဟာ ရှီချင်းချင်းနဲ့စကားပြောနေရင်းပဲ၊ ဟယ်ရှင်းချွမ်မျက်နှာကို ရုတ်တရပ်ကြီးတွေးမိသွားတယ်။

ပြီးတော့...ဟယ်ရှင်းချွမ်ခါးပေါ်က ယန်ထန့်လက်...

"...အဲ့ဒါနဲ့ပဲ သူက...ဟောက်ယု? ဘာဖြစ်လို့လဲ?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now