Chapter Six: : Beginning of the Destiny

5.3K 53 0
                                    

Chapter Six:           : Beginning of the Destiny
 

ဒီနေ့သည် သန့်ဇင်ကိုပျော်ရမှာလိုလို စိတ်ညစ်ရမှာလိုလိုဖြစ်သည့် တနင်္ဂနွေနေ့ပင်။

မနက်ခင်း ၆နာရီခွဲတွင် အိပ်ယာမှနိုးထလာခဲ့ပြီး မျက်နှာသစ် သွားတိုင်အပြီးတွင် လျော်ရမည့် အဝတ်ပေများကို ဇလုံတစ်ခုထဲတွင်ထည့်ပြီး ဆပ်ပြာမှုန့်ကိုအရည်ဖျော်ကာ လျော်ရလွယ်ရန် စိမ်ထားလိုက်သည်။

မနက်စာထမင်းစားပြီးနောက် နေထွက်လာတော့ မိမိ၏ ကျောင်းဝတ်စုံအပြင် အိမ်နေရင်းအဝတ်များကိုပါ လျော်ဖွတ်ရသည် ။

သန့်ဇင်က တစ်အိမ်လုံး၏ အဝတ်အစားများကို လျော်ဖွတ်ပေးရသည့်  သူ့အမေကိုအားနာ၍ ခြောက်တန်းလောက်ကတည်းက သူ့အဝတ်ကိုသူလျော်ဖွတ်သည်။

အစကမူ ဂျီးသိပ်မပြောင်သော်လည်း သူ့အမေ၏ သင်ပြမှုဖြင့် ခဝါသည်ပေါက်စလေးဖြစ်နေ လေပြီ။
 

အဝတ်များကို သေချာလျော်ပြီးသောအခါ ဆပ်ပြာရည်မကျန်အောင် ရေသုံးထပ်လောက် စစ်ပြီးကာမှ ရေညှစ်ပြီး လှန်းသည် ။

ပြီးနောက် သူနေသည့် အိမ်အပေါ်ထက်ကို သန့်ရှင်းရေးလုပ်ပြီး ရေချိုးလိုက်သည်......

နေ့လည်စာမစားခင် အချိန်အထိ ကျန်ရှိသော ကြားအချိန်လေးကို စိတ်မပါသော်လည်း စာလုပ်ရသည်။

နေ့လည်စာစားပြီးတော့ အဖိုးတို့ အမေတို့နှင့်အတူတူ တနင်္ဂနွေနေ့တိုင်း မြဝတီရုပ်သံလှိုင်းက ထုတ်လွှင့်ပြသသော အဖြူအမည်းနှင့် မြန်မာရုပ်ရှင်ဗီဒီယိုဇာတ်ကားဟောင်းများကို ကြည့်ကြသည် ။

သန့်ဇင်ကိုသည် အခုခေါတ်ပေါကြောင်ကြောင် မြန်မာဗီဒီယိုကားများကို မ​ကြိုက်သော်လည်း ဇာတ်အိမ်ခိုင်မာသည့် ခေါ်ဟောင်းမြန်မာရုပ်ရှင်တွေကိုတော့ ​ကြိုက်နှစ်သက်လေသည်။

 
နေ့လည်ခင်း ဇာတ်ကားကြည့်ပြီးနောက် ကျောင်းပြန်ဖွင့်လျင် အကျင့်ပါမည်ဆိုးသော်လည်း တစ်ရေးတစ်မောတော့ အိပ်လိုက်သေးသည် ။

အိပ်ရာနိုးသည့်အချိန်သည် စာကျက်ရန် အကောင်းဆုံးအချိန်ဖြစ်သဖြင့် စာမေးပွဲအတွက်ပေးထားသည့် စာများကိုကျက်နေလိုက်သည်။

When we were young Where stories live. Discover now