17.

901 72 0
                                    


"ဆရာလေးရဲ့ ညီလေးရော ''

လူနာအန်တီပြောသည်ကို နားမလည်သော​ကြောင့် တည်တံ့မောင် ပြန်မေးမိသည် ။

"ဗျာ ဘယ်သူ့ကိုပြောတာလဲ ''

"ဆရာလေးရဲ့ညီလေးလေ အရင်ကဆို ဆရာလေးဘေးမှာ ငြိမ်ငြိမ်လေး​ထိုင်နေ​ကျကောင်လေးလေ ''

"သြော် သူဒီနေ့မလားဘူးဗျ အဟင်း ''

ထိုအခါမှ သက္ကရာဇ်ကိုပြောမှန်း သိသွားသောကြောင့် တည်တံ့မောင် ဟန်ဆောင်ပြုံးပြလိုက်ရသည် ။

ဟိုနေ့ကကိစ္စပြီးထဲက သက္ကရာဇ်ကို မတွေ့တော့တာ တစ်ပတ်ပင်ပြည့်တော့မည်ဖြစ်သည် ။

မျှော်လင့်ချက်ပေးသလိုဖြစ်မိမှာစိုးလို့ phဆက်ချင်ပေမယ့် မဆက်ဖြစ်ဘဲ မသိစိတ်ကတော့ အမြဲလိုလိုသတိရနေမိသည် ။

အလုပ်ဖိလုပ်ကာ သက္ကရာဇ်အကြောင်းမတွေးမိအောင်နေသော်လည်း လူနာအန်တီကြောင့် မေ့ချင်တိုင်းမေ့ထားလို့မရတဲ့အဖြစ်ပေ ။

"အဲ့ကလေးကို ဟိုတစ်ခါလာထဲက ကြည့်နေတာ ရည်ရည်မွန်မွန်လေးနဲ့ အေးအေးဆေးဆေးလေး နေတတ်တာပဲနော် ''

"ဟုတ်ကဲ့ ''

"ဆရာ့ညီလေးက ရည်းစားတွေဘာတွေရှိပြီလား မရှိရင် ကျွန်မ သမီးနဲ့ သဘောတူတယ်နော် အဟင်း ''

တည်တံ့မောင် စိတ်အလိုမကျဖြစ်မိသွားသည် ။
ဘာလဲ သက္ကရာဇ်က ကလေးပဲရှိသေးတာကို ရည်းစားမထားရသေးပါဘူး....

"ကျွန်တော့ညီလေးက ငယ်သေးတယ်ဗျ ရည်းစားတွေဘာတွေမထားခိုင်းသေးဘူး ''

"သြော် ဆရာလေးရယ် အခုခေတ်က ဒန့်ကျွဲပင်ပုခက်ဆင်တဲ့ခေတ်တောင်ရောက်တော့မယ်လေ ကျွန်မ သမီးလေးကလဲချောပါတယ်နော် ဆရာလေး ''

"ဒါကသောက်ရမယ့်ဆေးတွေပါ ကောင်တာမှာ သွားထုတ်လိုက်ပါ ''

"သြော် ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာလေး နောက်တစ်ခါလာရင် သမီးကိုခေါ်လာခဲ့ဦးမယ် သိလား ဆရာလေး ''

တည်တံ့မောင် စကားဖြတ်ပြောတာတောင် မရမက နောက်ထပ်လာဦးမည်ဟု ပြောသွားသော လူနာကြောင့် စိတ်ရှုပ်သွားရသည် ။
ဆေးခန်းကိုများ ပျော်ပွဲစားထွက်နေသလားတောင်အောက်မေ့ရတယ် ။
တော်သေးတယ် နောက်ဆုံးလူနာမို့လို့ မဟုတ်ရင် ဒီလိုစိတ်ရှုပ်နေတာနဲ့ ဆေးလဲဆက်ကုလို့ရမှာမဟုတ်တော့ဘူး ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now