Episode-11

4.1K 458 66
                                    

♡Unicode version♡

မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပပြီးသည့်နောက်ကိစ္စအားလုံးအဆင်ပြေပြေဖြစ်မြောက်သွားသည်ဟုထင်ရပေမဲ့ ပြဿနာကယခုမှစလာခြင်း။အကြောင်းကား fresher welcomeမှာတက္ကသိုလ်queenအဖြစ်voting systemအရရွေးချယ်ခံရသည့်ကောင်မလေးကစတယ်။ဂုတ်ဝဲဆံပင်လေးနှင့်သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးပိုင်ဆိုင်ထားသည့်သူမကဘိုမရုပ်လေးလိုမြင်သူတိုင်းလည်ပြန်ငေးလောက်စရာပါပဲ။

တက္ကသိုလ်queenမို့သူမလှတာဟာပြဿနာမဟုတ်ပေမဲ့ပွဲအပြီးသူမတင်လိုက်သည့်weibo postတစ်ခုကတက္ကသိုလ်ကျောင်းသားတွေပါးစပ်ဖျားမှာပွတ်လောရိုက်နေခဲ့ခြင်းပါ။အစကတည်းကပဲအချိန်အခါကောင်းကိုစောင့်နေတာလား သူမကပဲပြောရဲဆိုရဲရှိတာလားမသိပေမဲ့ ရှောင်းကျန့်ကိုပေါ်ပေါ်ဘွင်းဘွင်းmentionခေါ်ပြီးproposeလုပ်ရဲတဲ့အထိသူမကသတိကောင်းနေတော့တာ။

ရှောင်းကျန့်ဘက်ကတုံ့ပြန်မှုတစုံတရာမရှိသေးပေမဲ့the world kingဖြစ်တဲ့ရှောင်းကျန့်နဲ့တက္ကသိုလ်queenဖြစ်လာသည့်အလီနာဆိုသည့်သူမတို့အတွက်pageတွေထောင် ဟိုရှစ်ဒီရှစ်လုပ်တဲ့အဖွဲ့တွေတောင်ရှိလာနေကြပြီ။ထိုpageတွေကတဆင့်ဘလာဘလာdating newလိုလိုသတင်းတုတွေတင်တဲ့အခါမှာလည်း အလီနာကလက်မလေးနှိပ် အသည်းလေးပေးနဲ့ရေလိုက်ငါးလိုက်မို့ တချို့ကအမြင်စောင်းပေမဲ့ အများစုကတော့ဖြစ်သင့်တယ် ဘာညာနဲ့ထောက်ခံနေကြတာပါပဲ။

ထိုအချိန်မှာပဲ ကောင်လေးတစ်ယောက်ကိုရှောင်းကျန့်ပွေ့ချီထားသည့်ပုံအား ကျောင်းwebsiteထဲကနေ တယောက်ယောက်လာခိုးsaveသွားတယ်။



___



"ရိပေါ်...မင်း ဘာမှမလုပ်တော့ဘူးလား..."

"ကဲန်တင်းသွားချင်နေပြီလား...ခဏလေး ဒီတပုဒ်ကူးပြီးရင်လိုက်ပေးမယ်..."

အမေးတခြားအဖြေတခြား အထအနကောက်လွဲတတ်လွန်းသည့်မိမိသူငယ်ချင်းဝမ်ငဒူကိုဖေရှီးစိတ်မရှည်တော့။ဒီလောက် စီနီယာရှောင်းကျန့်နဲ့အလီနာတို့သတင်းဟိုးလေးတကျော်ကျော်ဖြစ်နေသည်ကိုသူကရေခဲတုံးဖင်ခုထိုင်ရင်းငြိမ်နေတုန်း။

LOVE ME,OK![Complete]Where stories live. Discover now