ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)

6.5K 1K 7
                                    

[444: Hostတာ့တာ့ရေ...အခုဆို နှစ်သက်မှုရမှတ် 50 ဖြစ်သွားပြီ။ Host ဘယ်လိုများလုပ်လိုက်တာလဲဟင်?]

[ရှဲ့ဟယ်: ပစ်မှတ်ကိုအမိဖမ်းချင်ရင် ကိုယ့်ဘက်က ရင်းသင့်တာလေးတွေတော့ရင်းရမှာပေါ့..ဒီလောက်ပါပဲ....
ဒီလောက်ထိ စိတ်လှုပ်ရှားနေစရာမလိုပါဘူးကွာ။Point 50 ဆိုတာ ရင်ခုန်စရာမှမဟုတ်တာ..အဝှာအတူလုပ်ဖူးတဲ့သူ၊သူငယ်ချင်းကောင်း၊လုပ်ဖော်ကိုင်ဖက်၊ဒါမှမဟုတ် ရုပ်ချောတဲ့သူမျိုးတွေတောင် Point 50 အသာလေးရနိူင်တယ်ကွ]

[444:(⊙o⊙) Oh!!!!]

[ရှဲ့ဟယ်: စနစ်ရဲ့စံနှုန်းအတိုင်းသာ တွက်ကြည့်မယ်ဆို ငါနဲ့အိပ်ဖူးတဲ့ Hostတွေဆီကနေ point 50 စီရလိမ့်မယ်။ဒါ ကသူတို့ရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ပျှမ်းမျှတွက်ထားတာနော်။ဒီကောင် ကျိုးရိကျယ်ဆီကနေ ဒီလောက်ပဲ နှစ်သက်မှုရတယ်ဆိုတော့ ဒီကောင် ကပ်စီးနှဲတဲ့ကောင်ပဲ]

[444: ........]

Host တာ့တာ့ရဲ့သီလဂုဏ်သတင်းကိုဘယ်တော့မှ ထင်ယောင်ထင်မှားမဖြစ်တော့ပါဘူးဗျာ..😭😭

[ရှဲ့ဟယ်: ယောက်ကျားတွေဆိုတာမွေးကတည်းက အဖိုးနည်းအိုးကွဲတွေချည်းပဲ။မင်းသာ ကောင်းကောင်းစီမံပေးမယ်ဆို Point 80 ရဖို့ဆိုတာ အေးဆေးပဲ]

[444: point 80 ကျော်သွားရင်ရော??]

[ရှဲ့ဟယ်: point 80 ကျော်တာနဲ့ ဒီကောင် ငါ့ကို တကယ်လေးလေးနက်နက်ကြိုက်နေပြီလေ။ယောက်ကျားတွေဆိုတာ ဒီအချိန်မှာမှ ဉီးနှောက်သုံးပြီး တွေးကြတာကွ၊လူတစ်ယောက်ကိုလိမ်ဖို့လွယ်ပေမယ့်လူတစ်ယောက်ကိုသစ္စာရှိဖို့ဆိုတာ ခက်ခဲတယ်။ ကိုယ့်တစ်ယောက် တည်းကိုပဲ တမ်းတမ်းစွဲ ချစ်နေဖို့အတွက်ဆို နည်းဗျူဟာခင်းနေရုံနဲ့ မပြီးသေးဘူး၊ကံကောင်းဖို့လဲလိုသေးတယ်ကွ]

[444: ကံကောင်းမှုလား?? System store မှာ E level ကံကောင်းမှုကို Point 10000 တည်းနဲ့ ဝယ်လို့ရတယ်နော်!!]

[ရှဲ့ဟယ်: Babayရေ..ချမ်းသာတယ်ဆိုတိုင်း ဒီလောက်ထိ လက်ဖွာနေလို့မဖြစ်သေးဘူးလေ။ငါပြောတာကညသူများတွေအတွက်ကိုပြောနေတာလေ။ငါ့အတွက်လိုသေးတယ်လို့ မင်းထင်နေတာလား?]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now