Part 48

2.4K 98 0
                                    

Uni

"မောင့် မြန်မြန်မောင်းပါ"

"မောင်းနေပါတယ် ခွန်းရဲ့
ဒီထက်မြန်ရင် အန္တရာယ်များတယ်"

"ရှင်းနေတာပဲကို မောင်းလို့ရပါတယ်"

"ဟုတ်ပါပြီကွာ"

နေရာတစ်နေရာဆီသို့ ဦးတည်သွားနေခြင်း
စိတ်ပူနေသော မိန်းကလေးက အမြန်မောင်းရန်သာ တိုက်တွန်းနေသည်။

"မောင်"

"အင်း"

"နေရာကရော သေချာရဲ့လားဟင်

ဟန်မင်းဆက်ပိုင်တဲ့ ကော်ဖီခြံတွေထဲက တစ်ခုဆိုတော့"

"သေချာမှာပါ ခွန်းရဲ့
မင်းဆက်ကိုယ်တိုင် အတိအကျ သတင်းရထားတာပဲ"

"သူက ဘယ်က သတင်းရတာလဲ

ဘယ်သူက ပြောတာလဲ
ဘာလို့ ပြောတာလဲ"

"ရော ကိုယ့်ကောင်မလေးကတော့

စိတ်ပူတာလေးရော သိချင်တာလေးရော နည်းနည်းလျော့ ဟုတ်ပြီလား
ဟိုရောက်မှ အကုန်သိရမှာပေါ့

စိတ်ရှည်ရှည်ထားပါ မောင့်အချစ်ရယ်"

"အသားယူပြီး ခေါ်နေတာ တော်တော်များနေပြီနော်
အဲ့ကိစ္စ နောက်မှ ရှင်းမယ်

ခေါ်လို့ရတိုင်း ကြိုက်သလိုကို ခေါ်နေတာ"

"မောင် အဲ့လိုခေါ်တာ မကြိုက်ဘူးလား မောင့်အချစ်ရဲ့"

"ခန့်ညားထည်ဝါ ကားသာ အာရုံစိုက်မောင်း
မြန်မြန်ရောက်ချင်ပါတယ်ဆိုမှ ပြောကို မပြောချင်ဘူး"

"ဟုတ်ပြီကွာ မြဲမြဲသာ ကိုင်ထား"

အမရာရှိသည်ဟု သတင်းရသည့် နေရာကို သွားနေခြင်း
ဟန်မင်းဆက်ရဲ့ ကော်ဖီခြံတွေထဲက တစ်ခြံ
နေရာက ချောင်ကျတော့ တော်ရုံတန်ရုံ သူကိုယ်တိုင်ပင် မသွားဖြစ်တာတဲ့

ဒါပေမယ့် ခွန်းသိချင်တာ အဲ့ဒါကို ဘယ်သူက သတင်းပေးတာလဲ
ခြံစောင့်ကိုလည်း ပထုတ်ထားတယ်ဆိုရင်
သေရော သေချာရဲ့လား
တစ်ဖက်လှည့်နဲ့ လျှောက်ပြောတာ ဖြစ်မှာလည်း စိုးရိမ်သည်။

ဟိုတွေးဒီတွေးနဲ့ တွေးစရာတွေက များလှသည်။
ခွန်း စိတ်ပူနေသလောက် သူက စိတ်အေးလှသည်။

You had me at helloWhere stories live. Discover now