အပိုင်း (16) Uni/Zawgyi

5.7K 209 34
                                    

ဘုရင့်သည်းဦးပန်
အပိုင်း(16)

"ဘာလို့ ကိုယ့်ကို ခဏခဏကြည့်ပြီး ပြုံးနေတာလဲ"

လိုင်းယ(န်)ကားမောင်းနေရင်း ဘေးက ချစ်သူကောင်မလေးရဲ့ အမူအယာကြောင့် မေးလိုက်သည်။

"သဘောကျလို့ပေါ့ "

သည်းလက်တစ်ဖက်ကို လာဆုပ်ကိုင်သော ကိုကို့လက်အပေါ်ကနေ နောက်တစ်ဖက်နှင့် ထပ်ကိုင်ထားလိုက်ကာ

"အခုလို သည်းကို ကယ်ထုတ်လာပေးတာ ကျေးဇူးတင်ပါတယ် "

"ကိုယ့်မိဖုရားကို ကယ်ထုတ်ရမှာပေါ့ မည်မည်ရရမဟုတ်ဘူး ရိုင်ယန်လိုင်းယ(န်)ရဲ့မိဖုရား "

"ကိုကို အရင်တုန်းက သည်းကိုကို့မိဖုရားဖြစ်တာကိုမကြိုက်ဘူးမဟုတ်လား ဘာဖြစ်လို့လဲ"

မီးပွိုင့်မှာမီးနီတုန်းခဏရပ်ထားသည့်အချိန်
လိုင်းယ(န်) အရမ်းသိချင်နေပုံရတဲ့သည်းရဲ့မျက်နှာလေးကိုကြည့်ပြီး

"ကိုယ်မင်းကိုမကြိုက်တဲ့အချိန်ဆိုတာမရှိပါဘူး သည်းငယ်"

"အဲ့တာဆိုဘာလို့ သည်းကိုမနှစ်သက်တဲ့ပုံကြီးနဲ့နေရတာလဲ"

"မင်းကိုယ့်အနားမှာနေရင် အန္တရာယ်တွေကြုံရမှာစိုးလို့အခုတော့ သည်းငယ် ဘယ်လိုအန္တရာယ်နဲ့ပဲကြုံကြုံ ကိုယ်ကပဲကာကွယ်ပေးမှာမို့ အနားကနေဘယ်ကိုမှမသွားပါနဲ့"

ကိုကိုဟာ သည်းကိုသူ့အနားကထွက်မသွားဖို့တောင်းဆိုရင်း သည်းရဲ့ မျက်ဝန်းတွေကို ငေးကြည့်သည့်အခါ ဘာမှတုန့်ဆိုင်းနေခြင်းမရှိဘဲ သည်းဟာ ခေါင်းညိတ်ပစ်လိုက်သည်။

ပေါ်တီအောက်မှာကားရပ်ပြီး သည်းသည် ကားအနောက်ခန်းထဲကနေ သူမ၏ Guitar အိတ်ကို ထုတ်၍ ပုခုံးကနေလွယ်လိုက်လျှင် ကိုကိုဟာ သည်းရဲ့ လက်ကို လာကိုင်၏ ။

သည်းသည် ဘာပြောမလို့ဆိုသလိုအကြည့်မျိုးနဲ့မော့ကြည့်လိုက်သည့်အခါ ကိုကိုက သည်းကို ပြုံးပြ ပြီး

" ကိုယ့်ကို မြဲမြဲကိုင်ထား လွတ်မသွားစေနဲ့ "

သည်းလည်း ကိုကိုပြောတဲ့အတိုင်း ကိုကို့လက်ကို လက်နှစ်ဖက်လုံးနဲ့ သေချာဆုပ်ကိုင်လိုက်သည်။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now