Part36 (uni+zawgyi)

2.3K 116 20
                                    

Uni

ခန့်ထမင်းစားပြီးတော့

"ကဲ ငါစားလို့ပြီးပြီ ခေါက်ဆွဲတော့ မင်းစားဖြစ်အောင်စားလိုက်ဦး"

"နက် နက်စားပြီးပါပြီ"

အမှန်က ပုလဲနက် ခန့်ထယ်ဝါ မစားမှာဆိုးလို့ လိမ်လိုက်ပေမယ့် သူမစားရသေးတာကိုလည်း ပေးမသိစေချင်

ခန့်ကသိတော့ ပြုံးစိစိနဲ့
"အေးပါ ဒါဆိုလည်းသွန်ပြီး ဆေးလိုက်တော့ ငါအိပ်တော့မယ် ပင်ပန်းလာလို့"

........
ပုလဲနက် ခေါက်ဆွဲပြုတ်စားပြီး ထမင်းစားခန်းက ထွက်လာတော့ ကိုကိုက ဧည့်ခန်းမှာ ရုပ်ရှင်ကြည့်နေတုန်း

"ကိုကို မအိပ်သေးဘူးလား ဒီနေ့ပင်ပန်းလာတာမလား နားတော့လေ"

"အေး နားတော့မလို့ပဲ မင်းကိုမှာစရာရှိလို့စောင့်နေတာ"

ဒါဆို နက်ခေါက်ဆွဲစားနေတာကိုကို မြင်သွားတာပေါ့

"ဟို နက်ကလေ နက်ကသွန်ပစ်ရမှာနှမျောလို့ ~"

"ငါပြောတာနားထောင် မနက်ငါ အလုပ်ကိုအစောကြီး ထသွားရမှာ မနက်စာ ထပြင်မနေနဲ့တော့ ငါရုံးရောက်မှပဲစားလိြက်မယ်"

"ဘယ်ဖြစ်မလဲ ကိုကိုက အပြင်စာတွေစားလို့ရတာလဲမဟုတ်ပဲနဲ့ နက်ထပြင်ပေးပါ့မယ် ဘယ်အချိန်သွားမှာလဲ"

အမှန်က ပုလဲနက်ရဲ့ ဖုန်းကို ပြန်မပေးချင်လို့ ခန့်ထယ်ဝါ အကြံအဖန်လုပ်တာပါ
"ရတယ် ငါ့ကို နှင်းလာပို့လိမ့်မယ် သူကမနက်စာ ပြင်ပေးလိမ့်မယ်"

နက်ဘာမှပြန်မပြောမိ နက်ရင်ထဲ အတွင်းတသ်နေရာက စစ်ကနဲဖြစ်သွားတယ်

ဟုတ်ပါတာ်လေ မမနှင်းကကိုကိုရဲ့ချစ်သူပဲ နက်က ဘာပြောလို့ရမှာလဲ

"အဲ့ဒါ မင်းဖုန်းကို ငါခဏယူသွားမယ် အရေးအကြောင်းဆို အိမ်ဖုန်းကိုသုံးလိုက်ပေါ့ "

"ဟုတ်ကဲ့ပါ"

နပ်လေးပင်တဲ့ခြေလှမ်းတွေနဲ့ အခန်းထဲဝင်လာခဲ့ပေမယ့် ရင်ထဲမှာတော့ ကိုကို့ကို မေးခွန်းပေါင်းများစွာမေးချင်နေခဲ့တယ်

နက်ကိုမသနားဘူးလား?
နက်ကကိုကို့အတွက်ဘာလဲ?
နက်ကို မနက်စာပြင်ဖို့တောင် အခွင့်အရေးမပေးတော့ဘူးလား?
ကိုကိုမမနှင်းကို မမေ့နိုင်သေးဘူးလား?
????????
.........

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now