မာန၏ အခြားတစ်ဖက် 🌟 Part - 24

10K 797 30
                                    

Part - 24

                  မာန၏ အခြားတစ်ဖက်

                   🌟🌟🌟🌟🌟🌟

" မင်းဘာလုပ်သင့်လဲ သေသေချာချာ
ဆုံးဖြတ်.... မင်းက အဆုံးထိ ငြင်းနေမယ်ဆိုရင် ...
ငါကလည်းအဆုံးထိဆက်သွားမှာ .... မင်းနိုင်
မလား .... ငါနိုင်မလား တွေးကြည့်ယုံနဲ့သိနေ
တဲ့ကိစ္စတစ်ခုကို .... ဆက်မိုက်ချင်တယ်ဆိုရင်
ဆက်ငြင်းနေလိုက်ပေါ့ ... အရင်ဆုံး မင်းကြောင့်
မင်းအဖေ ထောင်ထဲသွားရမှာ ....  ပထမတစ်ခါ
အမျိုးသမီးတစ်ယောက်ကို အလိုမတူပဲ စော်ကားထားတဲ့အမှု .... အဲဒီအရိပ်မဲကြီးကို အခုထိကြိုး
စားပြီး မေ့ဖျောက်နေရတဲ့သူက....  နောက်တစ်
ကြိမ် သူ့အလုပ်မှာ ကူညီပေးတဲ့သူဌေးကို.... ငွေ
ရေးကြေးရေးနဲ့ ထပ်လိမ်ပါတယ်ဆိုရင် .... ရှင်လွှမ်း
နေခရေ! !! မင်း အဖေ တော့ သေသွားတာမှ
ကောင်းဦးမယ်နော်......  ပြီးတော့ အဲလိုလူမျိုး
ကမွေးထားတဲ့သား ..... သူ့ရဲ့သားကရော ဒီမြို့မှာ ကောင်းကောင်း ရှင်သန်သွားနိုင်မယ်ထင်လား ....
မမိုက်ချင်စမ်းပါနဲ့ကွာ.....   မြန်မြန်စဉ်းစားနော်....  ငါစောင့်ရတာကို အရမ်းမုန်းတယ် "

ပြောပြီးတာနဲ့ ချက်ချင်းလှည့်ထွက်သွားတဲ့
ဥိီးမာန် က ခြေလှမ်းလေးငါးလှမ်းအကွာအဝေး
ကိုရောက်တဲ့အခါ  လွှမ်း ဘက်ကို ပြန်ငဲ့ကြည့်ရင်း ----

" မင်း အဖေ ကို ပြောလိုက်ပါဦး .... အရေးကြီး
ကိစ္စရှိလို့ ငါပြန်သွားပြီလို့ ....  မင်းခြေထောက်
နာနေပေမဲ့ အိမ်ထဲလောက်တော့ လမ်းလျှောက်
လို့ ရတယ်မို့လား ..... မရလည်း ကြိုးစားလျှောက်
သွားလိုက်ပါ .....  ငါ့ပြောတဲ့စကားကို ငြင်းဆန်မိ
တိုင်း အခုလို နာကျင်ရမယ်ဆိုတာ မင်းကိုသိ
စေချင်လို့ "

ခြံထဲကနေ မောင်းထွက်သွားတဲ့ ဦးမာန် ရဲ့ကား
ထွက်သွားတာကို မျက်စိတစ်ဆုံးလိုက်ကြည့်ရင်း နာနေတဲ့ ခြေထောက်ကိုထိန်းလျှောက်ကာ လွှမ်း အိမ်ထဲကိုဝင်လာလိုက်တယ်။ ဖေဖေ့ ကို တော့ ဦးမာန် ပြောခိုင်းတဲ့အတိုင်းပြောလိုက်ရင်း အိပ်ခန်းထဲတန်းဝင်လာလိုက်ခါ အိပ်ယာပေါ်လှဲချလိုက်ရင်း
အရင်ဆုံးတွေးလိုက်မိတာက ဦးမာန်ပြောတဲ့စကား
တွေက အမှန်တွေလား ဆိုတာကိုပါပဲ ။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now