Arc.5.2
3.8K 637 56
လက်ရှိတွင် မုန့်ယိရှင်းသည် အန်းဇယ်ရီနဲ့ လက်ထပ်ထားသည်မှာ တစ်နှစ်လောက်ရှိနေပြီပင် ။ အဖြစ်အပျက်တော်တော်များများသည် ဖြစ်ပျက်ပြီးနေခဲ့ပြီးပြီ ဖြစ်သည် ။ မနေ့က အန်းဇယ်ရီသည် မုန့်ယိရှင်း အား ညဉ့်နက်အချိန်တွင် အခြားယောကျာ်းအိမ်မှ ခေါ်လာခဲ့ရသဖြင့် အလွန်ဒေါသထွက်ခဲ့ပြီး သူမကို တစ်ညလုံး တံခါးပိတ်ထားခဲ့ခြင်း ။ အမြဲကယ်တင်မဲ့သူရှိနေသည့် မုန့်ယိရှင်းအတွက် သူမ ဘယ်လိုထွက်လာခဲ့သလဲ မစဉ်းစားတော့ပေ ။
" ဝမ်ရယ် !!! မကောင်းတော့ဘူး!!!! " အလောတကြီးအသံကြောင့် အန်းဇယ်ရီ က အနက်ရောင်အပေါ်ဝတ်ကို ဝတ်ကာ ခါးစည်းကြိုးကို အလျင်အမြန်ချည်နှောင်လိုက်ကာ တံခါးကို ဖွင့်လိုက်သည် ။
အလောတကြီးပြေးလာသည့် အစေခံသည် အန်းဇယ်ရီ ၏ အေးစက်စက်မျက်နှာကြောင့် ပြောရမည့်စကယးပင် ခေတ္တပျောက်ရှသွားခဲ့သည် ။
အန်းဇယ်ရီက လက်နှစ်ဖက်နောက်ပစ်ကာ မျက်မှောင်ကြုတ်လျက် " ဘာတြွေဖစ်နေတာလဲ ဆူဆူညံညံနဲ့ .."
ထိုအခါမှ အစေခံက သတိဝင်လာကာ ဒူးထောက်လိုက်သည် ။" ဝမ်ရယ်.. ကြင်ယာတော်က... ကိုယ်လုပ်တော် မုန့် ကို ထိခိုက်အောင် တိုက်ခိုက်လိုက်ပါတယ် .." မျက်ရည်နဲ့မျက်ခွက်ပြောနေသည့် အစေခံသည် မုန့်ယိရှင်း၏ အစေခံဖြစ်ကြောင်း တွေးကြည့်စရာပင် မလိုတော့ချေ ။
အန်းဇယ်ရီ က အစေခံနောက်သို့ မျက်နှာသေဖြင့် ‌လိုက်လာရင်းတွေးနေခဲ့သည် ။ အန်းဇယ်ရီ၏ တရားဝင်ဇနီးသည် လင်းယွီ့ ဖြစ်ကာ စစ်သူကြီးတစ်ဦးဖြစ်သည် ။
ထက်မြတ်သည့်စစ်သူကြီးတစ်ဦးအား ယောင်္ကျားတစ်ယောက်နဲ့ လက်ထပ်စေခြင်း ။
အန်းဇယ်ရီ နူတ်ခမ်းက တစ်ချက်တွန့်ကွေးသွားခဲ့သည် ။ ဘုရင်က စိုးရိမ်လွန်ရောဂါ ရနေတာ မဟုတ်ဘူးလား ။ လင်းမိသားစုက ဘုရင့်အပေါ်အလွန်သစ္စာစောင့်သိကာ အမိန့်ကို လွန်ဆန်ခြင်း မရှိ၍သာ တော်တော့သည် ။ မဟုတ်ရင် မင်္ဂလာကိစ္စကြောင့် ပုန်ကန်မှုဖြစ်ပွားသည်ဟု ကျော်မကောင်း ကြားမကောင်း ဖြစ်လာပေလိမ့်မည် ။
/ဒင်!! တွဲဖက်သည် သင်နဲ့ ၅ ကိုက်အကွာတွင် ရှိနေပါသည်/ 
အန်းဇယ်ရီ သည် သတိပေးချက်ကြောင့် မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည် ။ ခန့်မှန်းထားတဲ့အတိုင်းဘဲ ဝေးဝေးမှာ ရှိမနေခဲ့ဘူး ။ သူက အိမ်ဝန်းတစ်ခုထဲသို့ ဝင်လိုက်သည့်အချိန်တွင် ဆူညံသံများကို ကြားလိုက်ရသည်။