Chapter - 16 (Part 1)

2.9K 454 27
                                    

Unicode

သာယာ​အေးချမ်းတဲ့အချိန်အတွင်းမှာ အချို့​သော​ကောင်းတဲ့အရာတွေကလည်း ဖြစ်ပွားလာခဲ့တယ်။ ဒီ​နေ့ ​ကျောင်းလီပြန်​ရောက်လာတဲ့အချိန်မှာ သူ့ပုံစံက စိတ်လှုပ်ရှားမှု​တွေအပြည့်နဲ့ဖြစ်တယ်, "​​ရှောင်ဝမ်, ငါ မင်းကို ​ပြောပြစရာတစ်ခုရှိတယ်"

"အင်း?"

"ငါ အရင်တုန်းက အတန်း​ဖော်​ဟောင်းတစ်​​​ယောက်ကို ​တွေ့ခဲ့တယ်" ​ကျောင်းလီက အ​တော်​လေး​ပျော်ရွှင်​နေပြီး အနည်းငယ်ရှက်ရွံ့​နေတယ်ဆိုတာကို သူ​ပြောနိူင်တယ်, "ငါ သူ့ကို မနက်ဖြန် ထမင်းစားဖိတ်မလို့"

"အို​ကေ​လေ" အူးယမ်က သူ့လက်ထဲကပစ္စည်း​တွေကို မြန်မြန်ချလိုက်တယ်, "အလယ်တန်းတုန်းက ​အတန်း​ဖော်လား? အရင်ဆုံး ဘာဟင်း​တွေချက်မယ်ဆိုတာကို ​တွေးပြီး မီနူးကို ဆုံးဖြတ်ရ​အောင်, ငါ အဲ့တာကို မနက်ဖြန် သွားဝယ်လိုက်မယ်"

​ကျောင်းလီက သူ့​ခေါင်းသူကုတ်လိုက်ပြီး "သူက မူလတန်းတုန်းက အတန်း​ဖော်​လေ, ဒါ​ပေမယ့် အခု​တော့ သူက နာမည်ကြီးတဲ့လူတစ်​​ယောက်ဖြစ်​နေပြီ"

"အဲ့လိုကိုး..."

"သူက ဒူယူးယူ (Du Youyu) လေ"

"ဘာရယ်?"

​ကျောင်းလီက ရယ်​မော​နေရင်း သူ့ရဲ့ အံ့အားသင့်​နေ​တဲ့အကြည့်နဲ့ ရင်ဆိုင်လိုက်ရတယ်။ ပြီး​တော့ သူက နည်းနည်းဂုဏ်ယူသွားပြီး "သူက ဟို ဒူယူးယူ​လေ"

အူးယမ်က အံ့သြတုန်လှုပ်သွားခဲ့ပြီး "တကယ်လား? မင်းက သူနဲ့တစ်​ကျောင်းတည်း​နေခဲ့တာ​ပေါ့? ငါ သိ​တောင် မသိခဲ့ဘူး!"

​ကျောင်းလီက ရှက်ရွံ့စွာပြုံးပြီး​ပြောတယ် "ငါ့အ​ဖေ မ​တော်တဆမှုမဖြစ်ခင်က ငါတို့မိသားစုက ​ပိုက်ဆံနည်းနည်းရှိတယ်​လေ, ပြီး​တော့ ငါက ​ကျောင်း​ကောင်းတစ်ခုမှာ ရက်အ​တော်ကြာ ​​သင်ယူခဲ့ရတယ်, ဒါ​ပေမယ့် သိပ်မကြာခင်မှာပဲ ငါ​ပြောင်း​ရွှေ့ခဲ့ရတယ်, ဒါ​ကြောင့် ငါ သူနဲ့ အရမ်းကြီးမရင်းနှီးဘူး, ငါ ဒီတစ်ခါ သူ့ကို​တွေ့​တော့ သူက ငါ့ကို သိ​နေတုန်းပဲ, ပြီး​တော့ ငါ့ကို ​​သောက်ဖို့ ဖိတ်တယ်, သူက တကယ့်ကို စစ်မှန်တဲ့သူငယ်ချင်းတစ်​​​ယောက်ပဲ"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now