အပိုင်း (17) Uni/Zawgyi

6.1K 232 29
                                    

ဘုရင့် သည်းဦးပန်
အပိုင်း (17)

အိမ်ပြန်ရောက်လာခဲ့ပြီး သည်းလည်း အိပ်ခါနီးမှ အေးအေးဆေးဆေး ဒီဂရီ ပေးသော လက်ဆောင်အိတ်ကိုဖွင့်ကြည့်သည်။

"ဘာတွေများထည့်ထားလည်းမသိဘူး "

သည်းသည် Shopping Bagထဲကနေ လက်ဆောင်ဘူးလေးအပြာရောင်လေးကို ထုတ်လိုက်သည်။

"ဘူးလေးကလှလိုက်တာ "

စည်းထားသော ဖဲကြိုးအဖြူရောင်လေးကိုဖြေလိုက်ပြီး ဘူးလေးကိုဖွင့်ကြည့်လိုက်လျှင်

"ဟင်!"

မိုးပြာရောင်ဂါဝန်လေးတစ်ထည်
သည်းဖြန့်ကြည့်လိုက်လျှင် လည်ပင်းပေါက်မှာ ပုလဲလုံးလေးတွေသီထားပြီး လက်ဖောင်းဂါဝန်ဝဲဝဲလေးဟာ သည်းနဲ့ဆိုတကယ်လိုက်ဖက်မှာ

"ဒီဂရီ ရွေးတတ်လိုက်တာ ငါ့အကြိုက်ကိုသိနေတယ် "

သည်းက ဂါဝန်လေးကို ကိုယ်မှာကပ်ကြည့်ပြီး မှန်ကြည့်နေရင်း လက်ဆောင်ဘူးထဲက စာတစ်စောင်ကိုပါ တွေ့လိုက်သည်။

အလှစက္ကူအပြာခေါက်လေးအား သည်းလှမ်းယူ ဖွင့်ဖြန့်လိုက်သည့်အခါ အလယ်တန်းတုန်းကတည်းက လက်ရေးသိပ်လှသော ဒီဂရီလက်ရေးစစ်စစ်။

'သည်း....
မနက်ဖြန် ၃နာရီ ငါပေးတဲ့ဂါဝန်လေးဝတ်ပြီး Dream Hotal ကိုလာခဲ့ပါ
လာဖြစ်အောင်လာနော် နင်မလာမချင်း ငါ Hotalရှေ့မှာ စောင့်နေမှာ ´

သည်းဖတ်ကြည့်ရင်း

"သူကဘာအရူးထပြန်တာလဲ "

သည်းသည် သူငယ်ချင်းတစ်ယောက်အနေနဲ့သာ ရိုးရိုးသားသား စဉ်းစားလိုက်ပြီး

"နေပါဦး အဲ့ဒီတော့ သင်တန်း ငါ့သင်တန်းဘယ်လိုလုပ်မလဲ"

ကလင်>>

ဖုန်းက Messageဝင်လာသည်အား ဖွင့်ကြည့်လိုက်သည်။

'စိတ်ပူပါနဲ့ နင့်ရဲ့ အလုပ်ရော သင်တန်းရော ငါခွင့်ယူထားတယ် ´

"ဟာ အန်တီချိုနေမကောင်းပါဘူးဆို "

သည်းက ဒီဂရီဖုန်းခေါ်လိုက်သည်။

"ဟယ်လို"

"ဘာလဲ "

"ဟဲ့ နင့်ကိုဘယ်သူကလာမယ်ပြောလို့ သင်တန်းတွေ အလုပ်တွေပါ ခွင့်ယူထားရတာလဲ"

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now