22

11.5K 1.9K 89
                                    

Unicode

“မင်းက ‘ရှေ့ဖြစ်ဟောသူ’..?”

ရင်းဆုယဲ့အနေနဲ့ သူ့စိတ်ထဲမှာ ဖြစ်နိုင်တဲ့ အဖြေမှန်သမျှ၊ ခန့်မှန်းချက်မှန်သမျှကို စဉ်းစားထားပြီးသားဆိုပေမယ့် ရွှယ်ယို့ရှန်းရဲ့ အဖြေကို ကြားလိုက်တော့ ယုံကြည်ရခက်သွားတယ်။ ရွှယ်ယို့ရှန်းဆိုတဲ့ ကောင်လေးနဲ့ ကနဦးအဆင့် ‘ရှေ့ဖြစ်ဟောသူ’ ဆိုတာကြီးက ဆက်စပ်လို့မရအောင် အလှမ်းဝေးလွန်းနေတယ်။

မန္တန်အတတ်အကြောင်း သိပ်မသိပေမယ့် ‘ရှေ့ဖြစ်ဟောသူ’တွေကတော့ လူသိများတဲ့ အဆင့်မြင့်ပညာရပ်တစ်ခုပါပဲ။

လူတွေရဲ့အမြင်မှာ ‘ရှေ့ဖြစ်ဟောသူ’တွေက အရမ်းကို တန်ဖိုးကြီးတယ်ဆိုတဲ့ စကားနဲ့တောင် နှိုင်းယှဉ်လို့ရနိုင်တယ်။ ‘ရှေ့ဖြစ်ဟောသူ’တွေက မြေပထဝီအနေအထားနဲ့ နက္ခတ်ပညာရပ်တွေမှာ ကျွမ်းကျင်ပြီး လူတွေရဲ့ အတိတ်နဲ့အနာဂတ်ကို ရှုမြင်နိုင်စွမ်းလည်း ရှိကြတယ်။ ပြီးတော့ လူသားတွေကို သူတို့ရဲ့ဘဝ၊ ကံကြမ္မာ ပြောင်းလဲနိုင်ဖို့လည်း အကူအညီပေးနိုင်တယ်။

ကံမကောင်းတာက အနာဂတ်ဟောကိန်းတွေကို သိမြင်နိုင်တဲ့လူက လူသန်းပေါင်းများစွာထဲမှာမှ လက်တစ်ဆုပ်စာသာ ရှိပြီး ထိုလူတွေထဲကမှ အမှန်တကယ် ရှေ့ဖြစ်ဟောနိုင်သူက ပိုလို့တောင် ရှားပါးသေးတယ်။ ‘ရှေ့ဖြစ်ဟောသူ’ တစ်ယောက်ဖြစ်ဖို့ မပြောပြနိုင်လောက်အောင် ခက်ခဲပြီး တိုင်းပြည်ကြီးတစ်ခုမှာတောင် ‘ရှေ့ဖြစ်ဟောသူ’တစ်ယောက် ပေါ်ထွန်းလာဖို့ မလွယ်ကူပါဘူး။

ထိုအကြောင်းအရင်းတွေကြောင့် ‘ရှေ့ဖြစ်ဟောသူ’တွေက လူတိုင်း အရိုအသေပေးရမယ့် မြင့်မားလွန်းတဲ့ ပုံရိပ်ကို ပိုင်ဆိုင်ထားကြတယ်။

“ဟုတ်တယ်.. ကျွန်တော်က ‘ရှေ့ဖြစ်ဟောသူ’ပဲ..”

ရွှယ်ယို့ရှန်းက လိပ်ပြာလုံစွာပဲ ခေါင်းညိတ်ပြီး အတည်ပြုလိုက်တယ်။ သူ့ရဲ့ အဆင့်အတန်းက စာရေးဆရာဆိုတော့ ‘ရှေ့ဖြစ်ဟောသူ’တွေထက်တောင် ပိုပြီး သိမြင်နိုင်သေးတယ်လေ..!

“ဒါပေမဲ့ ငါသိထားသလောက်တော့ ‘ရှေ့ဖြစ်ဟောသူ’တွေက မျက်စိမမြင်ကြဘူးတဲ့.. ပြီးတော့ တခြားစွမ်းအင်လည်း မသုံးနိုင်ကြဘူး..”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now