အပိုင်း ၂၁ -အသားကင်တတ်တဲ့သူက အချောဆုံးပဲ!

3.2K 501 1
                                    

[Zawgyi]
အပိုင်း ၂၁ -အသားကင်တတ်တဲ့သူက အချောဆုံးပဲ!

ယွီရှောင်ချောင်းက အသားနှပ်ခြင်းနဲ့ ချက်ပြုတ်ခြင်း အတွေ့အကြုံ ဆယ်နှစ်ရှိပေမယ့် ဆေးကြောသန့်စင်ရာနဲ့ အမဲလိုက်ပြင်ဆင်ခြင်းမှာ ကျွမ်းကျင်မှုမရှိပေ။ သူမက ဘေးနားကနေ ဟင်းခတ်
အမွှေးအကြိုင်တွေ ရောပေးတာလောက်ပဲ ကူညီပေးနိုင်တယ်။ သူမ အသားမစားရတာ တော်တော်ကြာနေလေပြီ။ ဒါကြောင့်မို့ ယုန်ကင်ရဲ့ ဆွဲဆောင်နေတဲ့ အနံ့က သူမ တောင့်ခံဖို့ ခက်ခဲလှတယ်။

( ဒီစာရေးသူမှာ ပြောစရာရှိနေပြီ : သူမ အသားပေါက်စီကို မေ့သွားပြီလား)

ကျောက်ဟန်က သူ့မျက်နှာပေါ်က ချွေးတွေကို အင်္ကျီနဲ့ သုတ်ပစ်လိုက်တယ် ။

ကျောက်ဟန်က ရှောင်ချောင်းနဲ့ သူ့မောင်လေးရဲ့ စားချင်စိတ်ပြင်းပျနေတဲ့ အမူအရာကိုတွေ့တော့ မအောင့်ထားနိုင်ပဲ ရယ်မောလိုက်ကာ

" စိတ်ရှည်ကြပါဦး မကြာခင် စားရတော့မှာပါ ဒီနေ့ ငါဖမ်းမိတဲ့ တောယုန်က ဆူဖြိုးနေတာမလို့ အရသာရှိမှာတော့ သေချာပေါက်ပဲ"

ယုန်ကင်က ထွက်တဲ့ဆီတွေဟာ ယိုစီးကျလျက် မီးထဲသို့ကျကာ တဖျစ်ဖျစ် မြည်နေသည်။ တဟုန်းဟုန်း တောက်လောက်နေတဲ့မီးတောက်က သရေယိုချင်စရာ အသားကင်နံ့ကို လေထဲသို့ သယ်ဆောင်နေလေတယ်။ အသားကင်နံ့ဟာ ချိုင့်ဝှမ်းတစ်ခွင်ပျံ့နှံ့လျက် မောင်နှမနှစ်ယောက်ရဲ့ ဆာလောင်စိတ်ကို ထိုးဆွနေတော့တယ်။

ကြွပ်ရွပြီး ရွှေညိုရောင်သန်းနေတဲ့ ယုန်ကင်က နောက်ဆုံး စားဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ ယွီရှောင်ချောင်းက သရေတွေယိုစီးကျမတတ်ပင်။ မောင်နှမနှစ်ယောက်က အငွေ့တထောင်းထောင်းထနေတဲ့ ယုန်ကင်ကိုကြည့်ပြီး ဘယ်ကနေဘယ်လိုစစားရမလဲမသိ ဖြစ်နေကြတယ်။

ကျောက်ဟန်ရဲ့ချောမောတဲ့မျက်နှာမှာ အပြုံးလေးတစ်ခု ထင်ဟပ်လာသည်။ ကျောက်ဟန်က သူ့ခေါင်းကို အသာရမ်းလျက် စောနက တောယုန်ကို အရေစုတ်ရာမှာ သုံးခဲ့တဲ့ ဓားမြှောင်ချွန်မြမြလေးကို ထုတ်ယူလိုက်တယ်။

ဓားမြှောင်ကို စမ်းချောင်းထဲမှာ သေသေချာချာ ရေဆေးပြီးတဲ့နောက် သူက အသားကင်ကို ဖြတ်တောက်ကာ နောက်ခြေထောက်ပေါင်သားတွေကို မောင်နှမနှစ်ယောက်အားပေးလိုက်တယ်။ နောက်ခြေထောက်က ယုန်ရဲ့ အနူးညံ့ဆုံးအပိုင်းတွေဖြစ်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now