အခန်း ၂၄ (မြှောက်ပင့်ခြင်း)

3K 472 1
                                    

[Zawgyi]
အခန်း ၂၄ (မြှောက်ပင့်ခြင်း)

ယွီမိသားစုရဲ့အစားအစာက အမြဲတမ်းဆီမပါပေ။ မိသားစုက အသားကို အခြေအနေ ၂ ရပ်မှာပဲ စားနိုင်တယ်။ ပထမက နှစ်သစ်ကူးအတောအတွင်းနဲ့ ဒုတိယက မိသားစုတစ်ခုလုံးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ယွီပေါ် အိမ်ပြန်လာတဲ့အခါမှပဲဖြစ်တယ်။ ယွီပေါ် ကလေးဘဝတုန်းက အဆီများတဲ့အသားနှပ်နဲ့ဂေါ်ဖီက အကြိုက်ဆုံးဟင်းဖြစ်တယ် ။

ယွီပေါ် က မြို့မှာမွှေကြော်ဟင်းစားရတာကို ကျင့်သားရနေပြီဖြစ်တာကြောင့် လွန်ခဲ့တဲ့အချိန်တွေကတည်းက သူအကြိုက်အစားအစာတွေက ပြောင်းလဲသွားပြီဖြစ်တယ် ။ သို့သော်လည်း သူ့ကို စိတ်ပါလက်ပါ ဂရုစိုက်နေတဲ့သူ့အမေကို မငြင်းနိုင်ခဲ့ပေ ။

အမျိုးသမီးကျောက်က သူ့ကိုဖျက်ကနဲကြည့်လိုက်တယ်။ ပြီးတော့ အနောက်ဘက်အခန်းထဲကို ဂရုမစိုက်တဲ့ပုံစံနဲ့ဝင်လာခဲ့တယ်။ ခရိုင်ပညာရှင်အရာရှိရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ ကျောက်မိန်လန်က ယွီမိသားစုတစ်ခုလုံးကို အထင်သေးလေတယ်။ သူမအကြီးဆုံး ယောက်မကရိုင်းပြပြီး ပျင်းတယ်။ သူမရဲ့ယောက္ခမကတော့ ကပ်စေးနှဲတယ်။ သူမရဲ့ဒုတိယယောက်မက သတ္တိနည်းပြီး ညံ့ဖျင်းတယ်။ ဒါ့အပြင် မိသားစုရဲ့ဘယ်ကလေးကမှ ကြည့်ပျော်ရှုပျော်မရှိဘူး။

သူမမှာ ရွေးချယ်စရာရှိခဲ့ရင် သူမ ယွီမိသားစုအိမ်မှာ လုံးဝကိုမနေချင်ပေ။ သို့သော်လည်း သူတို့က သူမရဲ့ယောက်ျားမိသားစုဖြစ်နေတာကြောင့် သူမယောက်ျားကို မျက်နှာသာပေးဖို့ လိုအပ်နေသေးတယ်လေ။

အဘွားကြီးကျန်းက အနီးနားရွာက သားသတ်သမားဆီကနေ အဆီများတဲ့ အသားတစ်ကျင်းဝက်နဲ့ ပြန်လာတဲ့အခါ အမျိုးသမီးလျိုကလည်း အဝတ်လျှော်ပြီး ပြန်လာခဲ့တယ်။ သူမကို အနားယူဖို့ အခွင့်အရေးမပေးပဲ အဘွားကြီးကျန်းက တံမြက်စည်းနဲ့ ဝင်းတဝိုက်မှာ မျှော်လင့်ချက်ကင်းစွာ လှည့်လည်သွားလာနေတဲ့ အမျိုးသမီးလီကို ခိုင်းလိုက်တယ်။ "ညည်းအဝတ်တွေသွားလှမ်းလိုက် ဒုတိယချွေးမက သွားချက်တော့"

မိသားစုတစ်ခုလုံးက အမျိုးသမီးလျိုရဲ့ ဟင်းချက်စွမ်းရည်ကို တညီတညွတ်တည်းထောက်ခံကြတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now