အပိုင်း ၂၇ ( အလုပ်သင် )

3.1K 472 5
                                    

[Zawgyi]
အပိုင်း ၂၇ ( အလုပ်သင် )

အရာအားလုံးက ပရမ်းပတာတွေအဖြစ် ပြောင်းလဲသွားတယ် ။ တစ်ယောက်က ဆေးသွားဝယ်နေတုန်း နောက်တစ်ယောက်က ဆရာဝန်ကိုပြေးခေါ်ရတယ် ။ ဒါကြောင့် အဘွားကြီးကျန်းရဲ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံ ရာနဲ့ချီပြီးထွက်သွားတယ် ။ ပိုက်ဆံကုန်တာတောင် ဆိုးလှပြီဟာကို သူမ ယောက်ျားက သူမကို ဆွဲခေါ်သွားပြီး အတော်ကြာငေါက်ငမ်းဆူပူသေးတယ် ။ ဒါတင်မက တတိယသားတို့ မိသားစု မြို့ကိုထွက်မသွားခင်အထိ ချွေးမအငယ်ဆုံးက သူမကို အထင်သေးသလို ကြည့်သွားသေးတာ ။

အဲ့ဒီ့နောက်မှာတော့ အဘွားကြီးကျန်းက သူမရဲ့ မြိုသိပ်ထားတဲ့ ခံစားချက်တွေကြောင့် ဝမ်းနည်းပူဆွေးစိတ်ဓာတ်ကျပြီး နာမကျန်းဖြစ်လုနီးပါးပဲ ။ အဲ့ဒီအချိန်ကစပြီး အဘွားကြီးကျန်းက လူကြီးကို လူကြီးမှန်းမသိတဲ့ ကလေးမ ရှောင်ချောင်းကို မမြင်သလိုပဲ ဟန်ဆောင်နေလိုက်တယ် ။ အဲ့ဒီကလေးမလေး ဘာတွေပဲဖြစ်နေဖြစ်နေ အဘွားကြီးကျန်းက သူဘာမှမမြင်သလိုပဲ လျစ်လျူရှု နေလိုက်တော့တယ် ။ ဒါပေမယ့် ကံကောင်းတာက အဲ့ဒီကလေးမစုတ်လေးဟာ ထမင်းစားချိန်ကလွဲ သူ့ဟာသူနေနေပြီး ဘာပြဿနာမှ မဖြစ်တော့ အဘွားကြီးကျန်းအတွက် အဆင်ပြေနေသည် ။

ပိုက်ဆံခြွေတာဖို့အတွက် သူမ ဘာမဆို သည်းညည်းခံရမယ် !!

အမေရေ !! အမေ !! "

အမျိုးသမီးလီရဲ့ ဖိုးဝရုပ်လို ဝတုတ်တုတ်ခန္ဓာကိုယ်ကြီးက အပြင်ကနေ ခြံဝင်းထဲကို ကမန်းကတမ်းဝင်လာတယ် ။ ဒီဖက်တီးမကြီးက တံခါးခုံ(ဖိနပ်ချွတ်နေရာ) ကို အလောတကြီး ကျော်ဝင်လာတာကြောင့် ခလုတ်တိုက် လဲကျတော့မလိုတောင်ဖြစ်သွားတယ် ။

အထဲရောက်တော့ အမျိုးသမီးလီက ခြံဝင်းပတ်လည်ကို ငတက်ပြားအကြည့်နဲ့ ပုန်းလျှိုးကွယ်လျှိုး အကဲခတ်လိုက်ပြီးနောက် အဘွားကြီးကျန်းကို နီးစပ်ရာ အခန်းတစ်ခုဆီ ခေါ်သွားတယ် ။

ပြီးနောက်သူက အဆန်းတကြယ် ဆိုတယ် ။

" အမေ ဒီရက်ပိုင်း ကျွန်မတို့အိမ်မှာ ပိုက်ဆံတွေအများကြီး ထွက်သွားတယ်မလား ? ကျွန်မ အမေ့အတွက် စိတ်မကောင်းလိုက်တာ... ဒုတိယမိသားစု တစ်ခုလုံးက အိမ်မှာ တကယ်ကို အစား သောင်းကျန်းတယ် ... သူတို့ကလေး,လေးယောက်ဆို တစ်ခါစားရင် လူကြီးသုံးယောက်ပေါင်း စားသလောက်ကို စားတာ ! "

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now