အပိုင်း ၂၈ (ပိုက်ဆံစုဆောင်းခြင်း)

3.2K 446 4
                                    

[Zawgyi]
အပိုင်း ၂၈ (ပိုက်ဆံစုဆောင်းခြင်း)

မနက်စောစော လေပြည်လေးက အေးစိမ့်စိမ့်နဲ့ လန်းဆန်းနေတယ်။ ယွီရှောင်ချောင်းက စိုစွတ်နေတဲ့လေတွေကို တဝကြီးရှူသွင်းလိုက်ပြီး သူမရဲ့နောက်လိုက်လေး ရှီထုန်နဲ့အတူ အနောက်ဘက်တောင်တန်းတွေဆီကို အေးအေးဆေးဆေး လျှောက်သွားလိုက်တော့တယ်။

ရှောင်လျန်, မင်းစောစောနိုးနေတာပဲ! ဝက်စာအတွက် ငါးညှီရွက်တွေ သွားခူးမလို့လား

အံ့ဖွယ်ကျောက်တုံးလေး သူမကို ကူညီပေးပြီးကတည်းက ရှောင်ချောင်းရဲ့ ခန္ဓာကိုယ်ဟာ နေ့ရက်တွေ ကုန်လွန်သွားတာနဲ့အမျှ ပိုပိုပြီး ကျန်းမာလာတယ်။ ပြီတော့လည်း သူမက, ယွီအိမ်ပြင်ပမှာ လူမသိအောင် ကျိတ်စားတတ်သေးတာမလို့ သူမမျက်နှာနဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း အသားပြည့်လာတယ်။ အခုတော့ သူမပုံစံက သူမအမြွှာအစ်မရဲ့ ခန္ဓာကိုယ်လို ဖြစ်လာတာမလို့ ရွာသားတွေက သူမတို့နှစ်ယောက်ကို မကြာခဏ လူမှားလေ့ရှိကြတယ်။

ရှီထုန်လေးက သူ့ဒုတိယအစ်မကို လူမှားခေါ်နေတဲ့ ကောင်မလေးဆီကို ရီပြီး ပြေးပြောလိုက်တယ်

အစ်မ လင်းလုံ ဒါကျနော့်ဒုတိယအစ်မ!

ဒုတိယအစ်မ ရှောင်ချောင်းလား အမလေး
နင်တို့က အမြွှာတွေလို့ကိုမပြောရဘူး မင်းအစ်မနဲ့ တော်တော်ကို တူတာပဲ

ကျိုးလင်းလုံက သူမနှုတ်ခမ်းတွေကို တွန့်ကွေးရင်း ပြုံးလိုက်ပြီး ရှောင်ချောင်းကို ခေါင်းအစ ခြေအဆုံး စူးစမ်းနေတော့တယ်။

ရှောင်ချောင်းက ပြုံးရုံသာ ပြုံးပြလိုက်ပြီး တိတ်တိတ်လေးပဲနေလိုက်တယ်။ ရှီထုန်လေးက သူ့အစ်မကို သူမအစား မိတ်ဆက်ပေးလေတယ်

အစ်မလင်းလုံရဲ့မိသားစုနေတာက အနောက်ဘက်တောင်တန်းတွေနဲ့ သိပ်မဝေးဘူး။ ကျွန်တော်တို့မိသားစု အိမ်ဟောင်းနဲ့လည်း နီးတယ်။ အရီးကျိုးနဲ့ အမေနဲ့က ဆက်ဆံရေးကောင်းတယ်။ မမ နေမကောင်းတုန်းက စားတဲ့ကြက်ဥတွေက အရီးကျိုးပေးတာ

အိုး, ဒါဆို သူမက အမေ့သူငယ်ချင်းကောင်းရဲ့ သမီးပေါ့။ ယွီရှောင်ချောင်းက ကျိုးလင်းလုံကို ချိုသာစွာ ပြုံးပြလိုက်တော့ သူမရဲ့ဘယ်ဘက်ပါးမှာ ပါးချိုင့်ပါးပါးလေးတစ်ခုပေါ်လာတယ်

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now