20.

1K 55 0
                                    


"သက္ကရာလေးရေ ဗိုက်ဆာနေပြီလား ဟင်းကျက်ပြီမို့လို့ ထမင်းစားလို့ရပါပြီဗျာ ''

ဥာဏ်က မီးဖိုချောင်ထဲ၌ လက်စွမ်းပြပြီးနောက် ဧည့်ခန်းမှာထိုင်နေသော သက္ကရာဆီလျှောက်လာကာ ပြုံး၍ ပြောလိုက်သည် ။
သက္ကရာက ဥာဏ်ကို မျက်လုံးတောက်တောက်လေးတွေနဲ့ မော့ကြည့်လာပြီး 'သူမဆာသေးဘူး'ဆိုတဲ့သဘောနဲ့ ခေါင်းအသာခါပြလာသောကြောင့်

"ဟုတ်ပါပြီ ဒါဆို ကိုကိုရေအမြန်ချိုးလိုက်ဦးမယ်နော် ပြီးရင် ထမင်းစားကြတာပေါ့ ''

သက္ကရာက ခေါင်းညိတ်ပြသောကြောင့် ဥာဏ်လဲ ခြံထဲရှိ ရေကျောက်စည်နားသို့သွားကာ ရေအမြန်ချိုးလိုက်သည် ။
ဒီနေ့က အလုပ်ပိတ်ရက်မို့လို့ သက္ကရာကို ဖွယ်ဖွယ်ရာရာလေးချက်ကျွေးချင်သောကြောင့် မနက်အစောကြီးထဲက စျေးသွားပြီး ချက်ပြုတ်နေတာ အခုမှအလုပ်ပြီးတော့သည် ။
အဲ့ဒါထက် သက္ကရာရဲ့ အေးအေးချမ်းချမ်းမျက်နှာလေးကိုမြင်ရ၍ ဥာဏ်ပိုစိတ်ချမ်းသာရသည် ။
မဟုတ်ရင် သက္ကရာဇ်သာဆိုရင်.....
သူဆက်မတွေးရဲပါ...သက္ကရာသာ အခုလို အေးအေးချမ်းချမ်းလေးနေပြီး သူနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်ဆိုရင် သက္ကရာ တသက်လုံး စကားပြန်မပြောတော့ရင်တောင် ဥာဏ်ကျေနပ်မိမည်ထင်သည် ။
.
.
.
.
.
.
.
"သက္ကရာရေ ကိုကိုရေချိုးပြီးပါပြီဗျာ ''

ဥာဏ်ရေချိုးပြီးသောကြောင့် သက္ကရာကို အသံပေး၍ အိမ်ပေါ်သို့အပြေးတက်လာခဲ့သည် ။

"ဟင်...သက္ကရာ ဒါကဘယ်ကို.....''

သုံးဆင့်ချိုင့်တစ်လုံးဆွဲကာ အပြင်ထွက်ရန်ပြင်နေသော သက္ကရာကြောင့် ဥာဏ် အံ့သြစွာမေးမိတော့ စကားပင်မဆုံးလိုက် ပြန်ရလိုက်သည်က ခပ်လှောင်လှောင် အကြည့်တစ်ချက်သာ ။

"မင်း...မင်း...သက္ကရာဇ်! "

"အဟက် ဘာလဲ မမြင်ဖူးတဲ့လူတွေကျနေတာပဲ အထူးအဆန်းလုပ်လို့ ''

ဥာဏ် လက်သီးကို တင်းတင်းဆုပ်ထားမိသည် ။

"မင်း သက္ကရာဆီမှာ ဘာလို့ပေါ်လာပြန်တာလဲ အခု သက္ကရာက ငါ့အရိပ်အောက်မှာ အေးအေးချမ်းချမ်းနေနေတာလေ ဘာမှကြောက်စရာလဲမရှိဘူး ပြီးတော့ ငါတောင်းပန်ပါတယ် သက္ကရာဆီမှာ ထပ်ပေါ်မလာပါနဲ့တော့ သက္ကရာကို ငါကာကွယ်ပေးနိုင်တယ် မင်းကာကွယ်ပေးစရာမလိုတော့ဘူး ''

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now