Chapter - 16 (Part 2)

2.9K 494 21
                                    

Unicode

ဒူယူးယူက TV မှာ​တွေ့ရတာထက် ပိုအရပ်ရှည်ပြီး ပိုတောင်ကြည့်​ကောင်း​နေ​သေးတယ်။  လက်​တွေ့မှာ​တော့ သူက သူတို့နဲ့ရွယ်တူဖြစ်​ပေမယ့် သူ့ရဲ့မျက်နှာက​တော့ သူ့အသက်က သုံးဆယ်ဆိုတာ လုံးဝကို မထင်ရဘူးဖြစ်တယ်။

သူ့မှာ နက်​မှောင်တဲ့မျက်ခုံးနဲ့ ကြီးမားတဲ့မျက်လုံး​တွေရှိတယ်။ သူက ​တော်​တော်​လေး ​ဖျော့တော့ပြီး သန့်ရှင်း​နေတဲ့အတွက် လုံးဝကို ကြမ်းတမ်းတဲ့ပုံမ​ပေါ်ဘူး။ အဲ့အစား သူက အဆင်းလှပြီး ရှက်တတ်တဲ့ပုံစံ, ထင်ရှားတဲ့ ​မေးရိုးနဲ့ မညီညာတဲ့ သွားစွယ်​သေး​သေး​လေး*တစ်စုံတောင် ရှိ​နေ​သေးတယ်။ အရမ်းကို ယဥ်​ကျေးသိမ်​မွေ့ပြီး သူပြုံးလိုက်တဲ့အချိန်ဆို ဥာဏ်​ကောင်းတယ်ဆိုတာထက် ချစ်စရာ​ကောင်းတယ်ဆိုတဲ့ခံစားချက်ကို ပိုပြီးခံစားရ​​စေတယ်။ [*ပုံမှန်ထက် ချွန်ထက်​နေတဲ့ သွား​လေး​တွေကို ဆိုလိုတာပါ]

သူက မ​ရေတွက်နိူင်​သော တဖြတ်ဖြတ်မီး​ရောင်​တွေကို​တောင်မှ သက်​တောင့်သက်သာဖြစ်​နေတဲ့ လူထုအသိအမှတ်ပြု လူတစ်​ယောက်ဆိုပေမယ့် အခု ဒီကို ဧည့်သည်တစ်​​ယောက်အဖြစ်လာ​တဲ့အချိန်မှာ​တော့ သူ့ပုံစံက ​တော်​တော်​လေးရှက်​နေပုံ​ပေါ်တယ်။ သူ့ကို စကား​ပြော​နေတဲ့အချိန်ဆို အလွန်ရှက်ရွံ့​နေတဲ့ပုံ​ပေါ်ပြီး မြန်​ဆန်စွာ ပြုံး​ပြနေလိမ့်မယ်။ အူးယမ်က စားပွဲ​ပေါ်မှာ ဟင်းပွဲ​တွေအားလုံးတင်ထားတာကို သူ သိ​တဲ့အခါမှာတော့ ပါးစပ်အပြည့်နှစ်ခါ​လောက်သာ စားပြီးတဲ့​နောက် ကျေးဇူးတင်​ကြောင်းကို သူက ဦးညွတ်ပြီး ​ပြောခဲ့တယ်။

ပန်းကန်လုံး​တွေနဲ့ တူ​တွေက ပုံမှန်အတိုင်းပဲဖြစ်တယ်။ ​သူက သဘာဝကျစွာနဲ့ အဲ့တာ​တွေကို ​သပ်ရပ်ကျနစွာ စား​သောက်ရင်း ကျောင်းလီကို ပွင့်ပွင့်လင်းလင်း ညစ်ညမ်းမှုတွေမလုပ်နိူင်​တော့ဘဲ ပိုပြီးယဥ်​ကျေးစွာဆက်ဆံ​လာအောင် လွှမ်းမိုးထား​လေတယ်။

နာမည်ကြီးတဲ့လူတစ်​ယောက်ဖြစ်တဲ့အတွက် သူက လုံးဝကို ဟန်​ဆောင်​နေတာမဟုတ်ဘူး။ ယဥ်​ကျေးပြီး​တော့ အထက်စီးကလည်း မဆက်ဆံဘူး။ ​ကျောင်းလီအတွက် ဒီလိုမျိုး သူငယ်ချင်းတစ်​ယောက်ရှိတာက ဂုဏ်တစ်ခုပဲဖြစ်ပြီး သူက အူးယမ်ကို ရယ်​ရင်း ကြည့်နေခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now