အပိုင်း (18) Uni/Zawgyi

6.8K 254 17
                                    

ဘုရင့် သည်းဦးပန်
အပိုင်း (18)

စကားလက်က လက်ဖျောက်တစ်ချက်တီးလိုက်သည့်အခါ သည်းအိပ်မက်ကနေနိုးထလာ၍ မျက်ရည်များအလိုလိုပါးပြင်မှာနေရာယူလျှက် မိမိကိုယ်ကိုယ်အံ့သြသမှုနှင့်

"သည်း က သည်းက အဲ့သလောက်တောင် ရက်စက်ခဲ့တာလား ဟင့်...ကိုကို့ ကျိန်စာကသည်းကိုယ်တိုင် တိုက်ခဲ့တဲ့ကျိန်စာပေါ့ ဟင် ဟုတ်လား ဟုတ်လား"

စကားလက် ခေါင်းတစ်ချက်ညိတ်ပြီး

"မင်း အိပ်မက်ထဲမှာမြင်ခဲ့ပြီးပြီမဟုတ်လား အဲ့တာကြောင့် လိုင်းယ(န်)က သစ္စာဖောက်တဲ့မိန်းမတွေကိုမုန်းတာ အထူးသဖြင့် မင်းကို"

သည်းသည် ငိုနေရုံမှအပမတတ်နိုင်ခဲ့။

"ဒါဆို သည်း သည်း ကျိန်စာဖြေပေးလို့ရတယ်မဟုတ်လား ဘယ်လို ဖြေပေးရမလဲဟင် ကိုကိုဒီလိုနှစ်၁၀၀၀လောက်ပေးဆပ်လာခဲ့ရတဲ့ ကျိန်စာဆိုးကြီးကိုသည်းဘယ်လို ဖြေပေးရဖြေပေးရ !"

"ဒါပေါ့ မင်းဖြေပေးရမှာပေါ့ ....ငါလည်း ဒီအဖြေလိုချင်တာ"

သည်းက စိတ်ဝင်တစား နားထောင်နေသည်။

"မင်းမြင်ဖူးမှာပါ ရိုင်ယန်အိမ်တော် ရွှေရောင်အခန်းထဲက မီးတောက်အပြာတွေနဲ့ဝန်းရံထားတဲ့ နှင်းဆီပန်း တစ်ပွင့်"

"သည်းမြင်ဖူးပါတယ် !"

"အဲ့ဒီနှင်းဆီပန်းကို ယူပေးရမယ် အဲ့တာ အိုလီဗီယာ သူ့နှလုံးသားကိုထိုးစိုက်ခဲ့တဲ့နှင်းဆီပွင့်ပုံဆံထိုးပဲ ကျိန်စာကြောင့်ရှင်သန်လာတာ လိုင်းယ(န်)က အဲ့ဒီနှင်းဆီပွင့်ကို မယူနိုင်ဘူး ဘေးမှာဝိုင်းထားတဲ့ အပြာရောင်မီးတောက်တွေက သူ့ကို လောက်မြိုက်စေတယ် အဲ့ဒီ ပန်းကို ယူပေးနိုင်တာ မင်းတစ်ယောက်ပဲရှိတယ် "

"ဒါဆိုရင် ကိုကို့ကျိန်စာ ခြင်္သေ့တစ်ကောင်အဖြစ်ကနေ လွတ်မယ်ပေါ့"

"အင်း .....သာမာန်လူတစ်ယောက်အဖြစ်နေထိုင်နိုင်လိမ့်မယ် ....ဒါပေမဲ့ အဲ့ဒီနှင်းဆီပွင့်ကို ယူတဲ့မင်းကတော့ သေရလိမ့်မယ် သည်းဦးပန်!"

"ရှင်!!"

"မင်းမယူပေးရင် မင်းအသက်အန္တရာယ်ကြုံရတိုင်းလိုင်းယ(န်)လာကယ်လိမ့်မယ် လိုင်းယ(န်)လာကယ်တိုင်း နှင်းဆီပွင့်ဖက်တွေက တစ်ဖက်ပြီးတစ်ဖက် ကြွေကျလိမ့်မယ် အဲ့လိုကြွေကျတိုင်းလိုင်းယ(န်)ရဲ့နှလုံးသားက မီးတောက်သလို ပူလောင်နာကျင်လိမ့်မယ် !"

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now