Part39(uni+zawgyi)

2.6K 115 20
                                    

Uni

"ဒါ သက်သက်ယုတ်မာတာ အလိုမတူပဲစော်ကားတာပဲ ရှင်သိရဲ့လား"

နက် ပြဲသွားတဲ့သူ့ရဲ့ရေစိုဝတ်လေးကို လုံခြုံအောင်ပြန်ဝတ်ကာ မျက်ရည်တွေကျပြီး

ခန့်ထယ်ဝါကို ပြောနေတယ်

"နက်ရာ ကိုကိုက နက်ကိုချစ်လို့ပါ"

"မပြောနဲ့ ဟီးအီး မကြားချင်ဘူး မပြောနဲ့"

"မငိုပါနဲ့နက်ရာ နက်မကျေနပ်ရင် ကိုယ်ကိုထပ်ရိုက်လိုက်ပါ"

"အမလေးတော်ပါတော့ ရှင့်ကို ကျွန်မကိုယ်ထိလက်ရောက်လုပ်မိလို့ ရှင်ဒီလိုစော်ကားတာခံရတာ ထပ်လည်းမလုပ်ရဲတော့ပါဘူး အင့်"

မျက်ရည်တွေက ခုမှပူလောင်လာသလိုခံစားရတယ် မျက်ရည်သုပ်တာမျိုးမဟုတ်ပဲ မျက်နှာတစ်ခုလုံးကို အကြမ်းပတမ်းပွတ်လိုက်ပြီး လေပူတွေကိုမှုတ်ထုတ်လိုက်တယ်

နေ့လယ် ဆယ်နှစ်နာရီလောက်ထဲက စိုနေတဲ့ အဝတ်တွေက ခုဆို ညနေခြောက်နာရီထိုးတော့မှာမို့ ရေတောက်တောက်ကျနေတဲ့ အက်ျီတွေတောင် နက်ရဲ့ ကိုယ်လေးပေါ်မှာ ခြောက်နေခဲ့ပြီ

"နက် ကိုယ်ဘက်က လင်မယားတွေဆိုတဲ့ အသိကြောင့် ကိုယ်ထိန်းသိမ်းနိုင်စွမ်းမဲ့ခဲ့တာမှန်ပေမယ့် နက်ကိုစော်ကားခဲ့တာမဟုတ်ပါဘူးကွာ ကိုယ်တောင်းပန်ပါတယ်
ကိုကိုရှင်းပြတာကို နဲနဲလေးသည်းခံပြီးနားထောင်ပေးပါနော်"

မျက်လုံးမှိတ် နားပိတ်ပြီး ကိုကိုအသံမကြားရရေးအတွက် တုံပြန်လိုက်တော့ မျက်ရည်ပူတွေကျလာတယ်

ခေါင်းတွေလည်း ချာချာလည်သွားပြီး လူတစ်ကိုယ်လုံးပျော့ခွေသွားတော့
ခန့်ထယ်ဝါ ထိမ်းကိုင်လိုက်တယ်

"ဖယ်နော်လွှတ် နက် အသားကို မထိနဲ့ "

"နက် ကိုယ်တွေပူနေပြီ ဟာကွာ"

"လွှတ်ပူပလေ့စေ မြန်မြန်သေသွားအေးရော ရှင်ဖယ် နက်ကိုလွှတ်"

ဘယ်သောအခါမှ ခန့်ကိုစိတ်မစိုးဖူးတဲ့သူမလေးက ခုခန့်ကို ကိုကိုလို့တောင်မခေါ်ပဲ 'ရှင်'တဲ့ဗျာ

ခန့်ကို အသားတောင်အထိမခံဘဲ ရုန်းနေတဲ့ ချစ်ရသူလေးကို ခန့်ရစ်မူးစွာပဲ ထပ်မံ၍ ကျူးလွန်မိပြန်တယ်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now