အပိုင်း၃၁ (ကောင်ချောလေးနောက်တစ်ယောက်)

2.8K 475 0
                                    

[Zawgyi]
အပိုင်း၃၁ (ကောင်ချောလေးနောက်တစ်ယောက်)

နောက်ဆုံးတော့ ယွီရှောင်ချောင်းဟာ သူမရှေ့က စားပွဲထိုးကိုမှတ်မိသွားတယ်။ သူက အရင်က စားဖိုဆောင်က အကူလုပ်သားဖြစ်သည်။ အရင်တစ်ခါ ရှောင်ချောင်း ခရုဆီလုပ်တုန်းက ဘေးကနေ ကူပေးခဲ့တဲ့သူပင်။

အိုး အကိုလီမလား! ညီမကိုမှတ်မိသေးတယ်လား
လက်ထဲမှာမြေအိုးသယ်ထားတဲ့ ယွီရှောင်ချောင်းတစ်ယောက် သူမရဲ့ပါးချိုင်လေး ချိုင့်ဝင်သွားသည်ထိ ပြုံးပြီးပြောလိုက်တယ်။

စာပွဲထိုးဖြစ်သူကလည်း အလိုက်သတိနဲ့ သူမလက်ထဲကမြေအိုးကို လှမ်းယူကာ မျက်လုံးလေးများ ပျောက်သွားအောင် ပြန်ပြုံးပြလိုက်ရင်း
ဒါပေါ့... ဘာလို့မမှတ်မိရမှာလဲ?! ကျွန်တော်တို့ရဲ့ သခင်လေးနဲ့ ခေါင်းဆောင်စားဖိုမှုးဝမ်တို့က ခဏခဏ ညီမအကြောင်းပြောနေကြတော့ ဘယ်လိုလုပ်မမှတ်မိဘဲနေမလဲ ဘာလဲ ဒီတစ်ခါလည်း ပင်လယ်ခရုတွေ လာပို့တာပဲလား?

ပင်လယ်ခရုကို လွယ်လွယ်နဲ့ ဖမ်းလို့ရတယ်ထင်နေတာလား. ဒီဟာက တောင်ပေါ်ကနေ ဖမ်းလာတဲ့ တောင်ပေါ်ငါးတွေ... အရည်ပဲချက်ချက် ကြော်ပဲစားစား စားလို့သိပ်အရသာရှိတာ မြို့ထဲလာတဲ့အချိန်ကရှားလို့ ရောက်တုန်းရောက်ခိုက် တတိယသခင်လေး လုပ်စားရအောင် တောင်ပေါ်ငါးအချို့လာပေးတာ

စားပွဲထိုးလေးထံမှ သခင်လေးတစ်ယောက် ရှောင်ချောင်းအပေါ် သတိတရရှိနေကြောင်းကို သိလိုက်ရတော့ သူမရဲ့ကြင်နာမှုကို အပြန်အလှန်ပြသရန် ရောင်းဖို့ယူလာတဲ့ တောင်ပေါ်ငါးတွေကို တတိယသခင်လေးကျိုးအား လက်ဆောင်အဖြစ်ပဲ ပေးလိုက်တော့တယ်။

ဒါကိုဝမ်းသာသွားတဲ့ စားပွဲထိုးလေးက
တိုက်ဆိုင်လိုက်တာ ကျွန်တော်တို့ သခင်လေးက နေ့လယ်ကျရင် သူ့သူငယ်ချင်းတွေအတွက် ဟင်းပွဲတွေအများကြီးပြင်စရာရှိတာ ကျွန်တော်တို့သာ ဟင်းပွဲအသစ်မလုပ်ပေးနိုင်ရင် အကြီးအကျယ်ဒုက္ခရောက်ဦးမှာ ယွီမိန်းကလေး ကယ်လို့သာပေါ့

ရှောင်ချောင်းက ဒီကိုလာဖူးတယ်လား
စားပွဲထိုးက ရှောင်ချောင်းအပေါ်ရင်းနှီးတဲ့ပုံစံနဲ့ ဆက်ဆံနေတာမို့ ကျောက်ဟန်ရဲ့ စိတ်ထဲမှာ
အံ့အားသင့်သွားပြီး မေးမြန်းလိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now