အခန်း ၃၂ (အစားမက်သူ)

3K 450 1
                                    

[Zawgyi]
အခန်း ၃၂ (အစားမက်သူ)

ဝိုး! ဒီမှာ အလကား စားရတော့မှာပေါ့! ယွီရှောင်ချောင်းက ခေါင်းကိုငုံ့ကာ သူမရဲ့မောင်လေးကို ကြည့်လိုက်ပြီး အကိုဟန်ရဲ့ ထင်မြင်ချက်ကို မေးလိုက်ပြီးမှ မဆိုင်းမတွဘဲ လက်ခံလိုက်တော့တယ်။ သို့သော်လည်း သူမက ငါးသေးသေးလေးတွေ ချက်ပြုတ်နည်းကို မြင်မြင်သာသာ
မပြဘဲ လူတိုင်းကို မီးဖိုထဲက ထွက်သွားပေးဖို့ တောင်းဆိုခဲ့တယ်။

တတိယသခင်လေးကျိုးက ရှောင်ချောင်းဆီက အခွင့်အရေးယူဖို့ အစီအစဉ်မရှိခဲ့တာကြောင့် သူက သူမကို မီးဖိုထဲမှာ လွတ်လွတ်လပ်လပ်ထားခဲ့တယ်။ အဲ့တာပြီးတော့ သူက တခြားသူတွေ ချောင်းကြည့်တာကနေ ကာကွယ်ဖို့ အဝင်ဝမှာ သူကိုယ်တိုင် စောင့်ကြည့်နေခဲ့တယ်။ တခြားသူတွေ အကြောင်းတော့ သူမသိပေမယ့် ခေါင်းဆောင်စားဖိုမှူးဝမ်ကတော့ ရှောင်ချောင်းကို ကူညီရင်း တစ်စုံတစ်ခုကို သင်ယူနိုင်ဖို့ စိတ်အားထက်သန်စွာ ကြည့်ဖို့ ကြိုးစားနေလေတယ်။

တကယ်တော့ အဖြူရောင် ငါးသေးသေးလေးတွေကိုယ်တိုင်က အရသာရှိပြီးသား ဖြစ်တာမို့ အရသာကို တိုးဖို့ အတွက် ဟင်းခတ်အမွှေးကြိုင် မထည့်တော့တာရင်တောင်မှ အရသာက ရှိနေတုန်းပင်ဖြစ်သည်။ ငါးကို ပြင်ဆင်တဲ့ နေရာမှာ အခက်အခဲနဲ့ လျှို့ဝှက်ချက်ဆိုတာမျိုး နည်းနည်းမှ မရှိပေ။ ဒါပေမယ့် အနာဂတ်မှာ ကျိုးသခင်လေးတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ရပြီးကတည်းက သူမက ကျွမ်းကျင်သူ တစ်ယောက်လို လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံမျိုး ဟန်ဆောင်နေတော့တယ်။

ယွီရှောင်ချောင်းက ဆား၊ ကြက်သွန်နီ ၊ ဂျင်းတို့နဲ့သာ ရိုးရှင်းတဲ့အရသာဖြစ်အောင် ဟင်းပွဲကို ပြုလုပ်ခဲ့တယ်။ စွတ်ပြုတ်ကို ပိုအရသာရှိပြီး လတ်ဆတ်စေဖို့အတွက် ရေအချို့ကို ခပ်လိုက်ပြီး ကောက်ညင်းဖက်ထုပ်လေးကို ရေစိမ်ဖို့ ပြောလိုက်တယ်။ အဲ့ဒီနောက်မှ အံ့ဖွယ်ကျောက်တုံးလေးရဲ့ ရေချိုးရေကို စွပ်ပြုတ်ထဲသို့ လောင်းထည့်လိုက်တယ်။

စွပ်ပြုတ်က နို့နှစ်ရောင်ဖြစ်ပြီး ငါးအသားက ပါးစပ်ထဲ၌ ချက်ချင်း အရည်ပျော်သွားလေတယ်။ ငါးအသားက အရသာရှိပြီး လန်းဆန်းစေလေတယ်။ ငါးနှပ် နောက်တစ်လုပ်စာရဖို့ အတွက် လူငယ်လေးတွေက စားပွဲမှာ ရန်ဖြစ်လုနီးနီးပင်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now