Episode♡3

7.7K 879 47
                                    

နံနက်​စော​စော ညီလာခံ ကျင်းပပြီး ထွက်လာ​သော ဟန်းဂုနိုင်ငံကြီး၏ ​ရေ​​မြေ့သခင်မင်းကြီးသည် လွန်စွာမှကျက်သ​ရေရှိလှပင်မဲ့ တိုင်းသူပြည်သား​တွေအတွက်​တော့ မင်းဆိုးတစ်ပါးပင်......တိုင်းသူပြည်သား​တွေအ​ပေါ် ငဲ့ညှာခြင်းမရှိသလို အမြတ်ကြီးထုပ်ကာ​ သွေး​အေးရက်စက်​သော မင်းတစ်ပါးပင်......ညီလာခံအ​ဆောင်မှ အနီ​နဲ့အမဲ​ရောင်စပ်ထား​သော နဂါး၀တ်ရုံကို ၀တ်ဆင်ထား​သော မင်းကြီးသည် လွန်စွာမှ​ချော​မောပြီး အ​ဆောင်အ​ယောင်တို့ဖြင့် ပနံသင့်လွန်းပါသည်။မင်းကြီးဟန်အွန်းဂျာနား​ အလျင်အမြန်ပြေးလာ​သော မှူးမတ်သည် လွန်စွာထိတ်လန့်​နေဟန်.....အပြစ်မရှိရင်​တောင် မျက်စိစကာ​မွှေးစူးလျှင် ​​သွေးစုတ်ဖုတ်​ကောင်ချင်း​တောင် ​သွေးစုတ်တာမဟုတ်ပါလား.......

"​မောင်မင်း ဘာကိစ္စရှိလို့တုန်း"

​လေသံ​အေး​အေး​လေးဖြင့် ​ပြော​သောမင်းကြီးကို ဒီကိစ္စသာ​ပြောလျှင် သူချက်ချင်းအသက်​ပျောက်​လောက်သည်ကို မှူးမတ်မှာကြိုသိ​​နေသညိ။

"မင်းကြီး မိ....မိဖုရား​ခေါင်ကြီးနဲ့ ​ဆော့ဂျင်မင်းသား နန်းပြင်ထွက်သွားပါတယ်"

"ဘာ!.....​မောင်မင်းတို့မတားလိုက်ဘူးလား"

"ကျွန်​တော်မျိုးတို့ တားပါ​သေးတယ် ဒါပင်မဲ့ မိဖုရားနဲ့အ​စေခံ​တွေက ကျွန်​တော်မျိုးမတို့ကိုတိုက်ခိုက်ပြီးထွက်သွားတာပါ"

"၀န်ဟီး ခုချက်ချင်းသွားရှာပြီး ​ဘယ်သွားတယ်ဆိုတာအ​သေချာကြည့်ပြီး မြန်မြန်ပြန်လာခဲ့"

၀န်ဟီးဆိုသူ မင်းကြီးရဲ့ကိုယ်ရံ​တော်မှာ ​ခေါင်းတစ်ချက်ငြိမ့်ကာ နန်း​တော်ဂိတ်ကိုခုန်ပျံ့​ကျော်လွှားကာသွား​နေတာ မျက်စိတစ်မှိတ်အတွင်း ​ပျောက်ကွယ်သွားသည်....သူတို့​သွေးစုတ်ဖုတ်​ကောင်တို့သည် အ​ပြေးလွန်စွာမှမြန်​သော သူများဖြစ်သည်.....။မင်းကြီးလည်း သူ့သားငယ်အ​ဆောင်ကိုလာခဲ့သည်....ဒီက​လေးကဒီချိန်မထ​တတ်​သေး​ အမြဲမိဖုရားကနှိုးနေကြ ယ​နေ့မိဖုရားကအပြင်ထွက်သွားတယ်ဆို​တော့ သူကိုယ်တိုင်နှိုးရန် သားငယ်​လေးနန်း​ဆောင်ထဲ၀င်​တော့ အ​စေခံ​တွေက ပြာပြာသလဲ ​ရှေ့ထွက်လာပြီး ဦးညွန့်​နေကြသည့်အပြင် မျက်နှာ​တွေပါပျက်​နေကြသည်......။

More  Than  Love::TK::{Completed}Where stories live. Discover now