Chapter(34-2) - ဝိညာဥ်​လေးများ

5.5K 1.1K 13
                                    

Unicode

အခန်း(၃၄-၂) - ဝိညာဉ်လေးများ

အနည်းငယ် အသက်ကြီးနေသည့် အသံတစ်ခုက ပြောလိုက်သည်။

"သူက အကန့်အသတ်မဲ့ ပင်လယ်ပြင်နဲ့ သက်ဆိုင်တယ်, လွတ်လပ်ပြီး လွယ်လွယ်ကူကူ လှုပ်ရှားတယ်, သူ့ကိုချုပ်နှောင်ပြီး ဖမ်းထားမယ့် မင်းရဲ့အစီအစဉ်က သူ့ကိုနာကျင်ပြီး ဝမ်းနည်းမှုပဲ ဖြစ်စေမှာ, ဘာလို့များ....."

လူငယ်တစ်ယောက်က အေးစက်မာကျောတဲ့ အသံနဲ့ ကြားဖြတ်ပြောသည်။

"အကယ်၍ သူ့ရဲ့ ငါးအမြီးကို ချိုးပြီး သူ့လက်နှစ်ဖက်မှာ သံကြိုးတွေ တပ်ထားရမယ်ဆိုရင်တောင် ထာဝရ ကျုပ်ဘေးမှာပဲ ချည်နှောင်ထားမှာ"

"အဲ့ဒါက အရမ်းဆိုးဝါးလွန်းတယ်!"

လူငယ်လေးက မလှုပ်မယှက်ဖြင့် ဆက်ရှိနေပြီး သူ့အသံက တိုးညှင်းသွားကာ အနည်းငယ် ရူးသွပ်နေသလိုမျိုး မကျေမနပ်နဲ့ တီးတိုးပြောနေသည်။

"ကျုပ်သူ့အတွက် ပုံရိပ်ယောင်တွေ ထောင်ပေါင်းများစွာ ဖန်တီးပေးဖို့ ဆန္ဒရှိတယ်, သူ့ကို အကန့်အသတ်မရှိတဲ့ ပင်လယ်ပြင်တွေ၊ လေသံတွေ လှိုင်းသံတွေ၊ တောက်ပတဲ့နေရောင်ခြည်နဲ့ လင်းလက်တဲ့ လဝန်းတွေ၊ တိမ်တွေကြယ်တွေ ဖန်တီးပေးမယ်....ဘယ်အရာမှ မချို့တဲ့စေရဘူး, တစ်ခုပဲ ချွင်းချက်ရှိတယ်, ကျုပ်ဘေးကနေ သူ့ကိုဘယ်တော့မှ ထွက်သွားခွင့်မပြုဘူး"

"အစွဲအလမ်းမကြီးလွန်းနဲ့!" အသက်ကြီးတဲ့လူရဲ့ အသံက ဒေါသထွက်ပြီး ကူကယ်ရာမဲ့နေသလိုမျိုး ပြစ်တင်ဆုံးမနေသည်။

"အဆုံးသတ်မှာ ပုံရိပ်ယောင်ဆိုတာ ပုံရိပ်ယောင်ပဲ, ဘယ်လိုများ အလေးအနက် ယူလို့ရမှာလဲ?! မင်းရဲ့ စိတ်အခြေအနေက မိစ္စာချီနဲ့ ချည်နှောင်နေပြီ!"

နောက်ဆုံးစကားလုံး လေးလုံးက လူငယ်လေးရဲ့ နှလုံးသား အနက်ရှိုင်းဆုံးအပိုင်းကို ထိသွားတာ သိသာသည်။ သူ့စကားလုံးများက ရက်စက်ကြမ်းကြုတ်ခြင်း၊ မနာလိုခြင်းများနဲ့ စိတ်ပျက်ခြင်းများ ပါဝင်နေ၏။

" မိစ္စာလမ်းကြောင်းကို ကျင့်ကြံတာ ဘာများဖြစ်နေလို့လဲ? ကျုပ်ကို ဒုက္ခပေးဖို့ လုပ်တဲ့သူတွေအကုန်လုံး ကျုပ်သတ်လို့သေကုန်ပြီလေ, ကျုပ်ချစ်ရတဲ့ တစ်ယောက်ကိုပဲ, မရနိုင်တာ..."

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now