မာန၏ အခြားတစ်ဖက် 🌟 Part -26 🚨

11.3K 760 24
                                    

Part - 26

                      မာန၏ အခြားတစ်ဖက်

                      🌟🌟🌟🌟🌟🌟

အိမ်ပြန်ရောက်လာတော့ အသင့်စောင့်နေတဲ့
လူလေးယောက်လောက်က အင်္ကျီကိုယ်တိုင်း
ယူနေတဲ့အချိန် စိတ်ထဲကတော့ ယောက်ျားလေး
နှစ်ယောက် မင်္ဂလာဆောင်ဖို့ ဒီလောက်စောက်ပို
တွေ လုပ်စရာလားလို့ပဲ တွေးနေမိတယ် ။

အကို့ ကို ထိခိုက်အောင်လုပ်ထားတဲ့သူဆိုတဲ့
အသိက ကိုယ့်ကို နာကျင်အောင်လုပ်တာထက်
ကို ပိုပြီး စိတ်တိုစေတယ် ။ ထည်ဝါ ဆိုတဲ့လူဟာ ကိုယ့် အတွက် အကိုတစ်ယောက်ဆိုလည်း မမှား
ပါဘူး ။

သူ့ကြောင့် ဘယ်သူ့ကိုမှမထိခိုက်စေပဲ တဖက်သားအပေါ် အကောင်းမြင်စိတ်ရှိလွန်းတဲ့သူ ။ အဲလိုလူတစ်တစ်ယောက်ကို သေလုမျောပါးဖြစ်အောင်
လုပ်ရက်တဲ့သူပါလား ။ ဒေါသထွက်နေချိန် ပြော
သမျှစကားက အမှားတွေဖြစ်နိုင်တာမို့  ခုချိန်ဘာမှမမေးမိအောင်နေနေမယ်ဆိုတဲ့စိတ်ကိုမွေးထားရပါတယ် ။

နောက်တစ်နေ့ညဘက်ရောက်တော့ ရိပ်ငြိမ် ကဖုန်း
ဆက်လာရင်း အကို့ ကို ရန်ကုန် က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ရွှေ့ထားပြီးကြောင်းနဲ့ စိုးရိမ်ဖို့မလိုတော့
ကြောင်း ပြောပြပေးလာတယ်။

ကိုယ် သတိထားမိသလောက် အကို ဟာ မိသား
စု အရင်းအချာမရှိတာလား ။ မိသားစုချင်းပဲ အနေ
စိမ်းတာလားမသိပေမဲ့ တစ်ခါမှ သူ့မိသားစုအ
ကြောင်း ပြောပြတာမျိုးမရှိခဲ့သလို သူ့ဆီလည်း
ဘယ်သူကမှ ဖုန်းဆက်တာမျိုး မတွေ့ခဲ့ဖူး ။
ခုလိုအချိန်မှာ ရိပ်ငြိမ် ကဘေးနားမှရှိပေးနေလို့်
အားလည်းနာရသလို ကျေးဇူးလည်းတင်ရတယ်။

အင်္ကျီအတိုင်းလာယူတဲ့နေ့က ဖုန်းဆက်ပြီးထဲက
ဦးမာန် လည်း ကိုယ့်ကို ဖုန်းထက်မဆက်တော့
ပါဘူး ။ အင်းပေါ့လေ .... သူ့လူတွေနဲ့ ကိုယ့်ကို နေ့ညမပျက် စောင့်ကြည့်နေမှာပေါ့ ။

ဖေဖေ က မနက်လင်းထဲက အလုပ်ကိုသွားနေ
တာမို့ အိမ်မှာတစ်နေကုန် ပျင်းစရာကောင်းပေမဲ့
ဘယ်မှမသွားပဲ အိမ်တွင်းပဲအောင်းနေလိုက်ပါ
တယ် ။

ဒီလိုနဲ့ တစ်ပတ်လောက် ကြာသွားတဲ့အချိန်မှာ
တော့ ဦးမာန် ဆီက ဖုန်းဝင်လာပါတယ် ။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now