Chapter(38-1) - ငါးရိုး

5.3K 1.1K 9
                                    

Unicode

အခန်း(၃၈-၁) - ငါးရိုး

ရန်ကျင်းက သူ့ပါးနဲ့ ရှန်ကျစ်ရှန်းရဲ့ ပါးပြင်အား ခပ်တင်းတင်းလေး ဖိကပ်လိုက်ပြီး အနည်းငယ် အေးစက်နေသည့် ထိုလူရဲ့ ပါးပြင်အား နွေးထွေးစေလိုက်သည်။

ရှန်ကျစ်ရှန်းရဲ့ ဖြူဖျော့ဖျော့ မျက်နှာပေါ်မှာ အနက်ရောင်ချီ အရိပ်အယောင်များရှိနေသည်။ ရန်ကျင်းက သူ့ခါးအား လက်တစ်ဖက်နဲ့ သိုင်းဖက်လိုက်ပြီး ကျန်လက်တစ်ဖက်ကတော့ ရှန်ကျစ်ရှန်းရဲ့ ခေါင်းနောက်ကို ကိုင်လိုက်သည်။ သူ့ရဲ့နွေးထွေးတဲ့ နှုတ်ခမ်းဖြင့် ရှန်ကျစ်ရှန်းရဲ့ နှဖူးပြင်အား ဖိကပ်လိုက်ပြီး ဝိညာဉ်ချီများ လွှဲပြောင်းပေးရင်းဖြင့် အနက်ရောင်ချီများကို ပြန်စုပ်ယူလိုက်သည်။ သူက တိုးညှင်းစွာ ချော့မော့နေလေသည်။

"အဆင်ပြေသွားပြီနော်, ကျွန်တော်တို့ ထွက်လာပြီ....."

သန့်ရှင်းသပ်ရပ်လှတဲ့ ဝိညာဉ်စွမ်းအားက ရှန်ကျစ်ရှန်း၏ ခန္တာကိုယ်အနှံ့ကို ပျံ့နှံ့သွားပြီး ပူနွေးနေတဲ့ ရေပူစမ်းအတွင်းမှာ စိမ်နေရသလိုမျိုးခံစားလာရသည်။ ခက်ခက်ခဲခဲ မျက်လုံးကို ဖွင့်လိုက်ပြီး သူ့အကြည့်အား တစ်ဖြည်းဖြည်း စူးစိုက်လိုက်လေ၏....

သူ့မျက်လုံးကို လုံးဝဖွင့်နိုင်သွားတဲ့အချိန်မှာ ရန်ကျင်းက သူ့ရဲ့ ပုံမှန်အေးဆေးတည်ငြိမ်တဲ့ အသွင်ကို ပြန်ရနေပြီဖြစ်ပြီး သူ့အား အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေလေသည်။

သူတို့နှစ်ယောက်ကြားက အကွာအဝေးက အလွန်နီးကပ်နေသည်။ ရှန်ကျစ်ရှန်းက သတိလက်လွတ်ဖြင့် နောက်ကို အနည်းငယ်ဆုတ်လိုက်တော့မှသာ သူတို့ရဲ့ အနေအထားတွေက အရမ်းကို......ရင်းနှီးနေသလိုပဲ ဆိုတာကို ရှာတွေ့သွားရသည်။

ရန်ကျင်းက သူ့ထက် ခေါင်းတစ်ဝက်မျှ ပိုရှည်သည်။ သူတစ်ဖက်လှည့်ပြီး ဖက်လိုက်တဲ့အချိန်တွင် ရန်ကျင်းရဲ့ လည်ပင်းမှာ သူ့လက်မောင်းကို တွဲခိုထားရတာက အရမ်းကိုပင်ပန်းတယ်လို့ ခံစားရတာကြောင့် ရန်ကျင်းရဲ့ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်နှင့် အဆုံးသတ်နေတာ ဖြစ်လိမ့်မည်။ 

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now