အပိုင်း (၁၆) မျိုးနွယ်စုတိုက်ပွဲ

1.2K 280 12
                                    

((Zawgyi))

အပိုင်း (၁၆)
မျိုးနွယ်စုတိုက်ပွဲ

💊💊💊
အတွင်းခန်းမဆောင်သည် လေ့ကျင့်ရေးခန်းမကြီးတစ်ခုနှင့်ပင် တူ​နေသည်။ ခန်းမကြီး၏ ကြမ်းပြင်ပေါ်တွင် အသက် (၇၀ - ၈၀)ခန့်ရှိသည့် အကြီးအကဲအိုကြီးတစ်ဦး တင်ပျင်ခွေ ထိုင်လျက်ရှိသည်။ သူ့နဖူးရှိ မျက်ခုံးနှစ်ခုကြားတွင် ခရမ်းရောင်အလင်းတစ်ခု ဝေဝါးစွာရှိနေပြီး မျက်ဝန်းများက နတ်ဘုရားကဲ့သို့ အလင်းရောင်များ တောက်ပနေသည်။ ထိုလူသည် ကြည့်လိုက်သည်နှင့် ကျင့်ကြံရေးအဆင့် အလွန်မြင့်မားမှန်း သိသာလှသည်။

သူ့ရဲ့စိတ်နေသဘောထားက.......ဘယ်လိုပြောရမလဲ? သူက ခုနက ကုကျိုး တွေ့ခဲ့ရသည့် သိုင်းပညာရှင်များနှင့် မတူတာတော့ သေချာသည်။

ခန်းမထဲသို့ဝင်သည့်အခါ ကုကျိုးသည် လုရိအနောက်မှ လိုက်ခဲ့ပြီး လူအများ သူ့ကို သတိမထားမိစေရန် နံရံအနားက နေရာလေးတွင် မလှုပ်မယှက် ကပ်နေလိုက်သည်။

ထိုအကြီးအကဲအိုကြီးသည် မျက်နှာထား ခပ်တင်းတင်းနှင့် အလွန်တည်ကြည်လေးနက်စွာဖြင့် ထိုင်နေသည်။ သူက သူ့အိမ်က သခင်လေးကိုမြင်သည်နှင့် မျက်နှာပေါ်တွင် ဂန္ဓမာပန်းသဖွယ် အပြုံးပန်းများ ချက်ချင်းဝေဆာကာ အလွန်ကြည်နူးဝမ်းမြောက်စွာ ပြောလိုက်သည်။

"ထျန်းဟန် ပြန်လာပြီလား? ဒီအဘိုးက အိုမင်းနေလို့ သားနဲ့မတွေ့လိုက်ရဘဲ နတ်ပြည်တက်ရပြီ မှတ်နေတာ!"

ထိုအခါ နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါတောက်ပနေသည့် သူ၏ထောက်ပံ့သူမှအပ ကျန်သော ညီငယ် ညီမငယ်လေးများက အလွန်စိတ်လက်ပေါ့ပါးသွားကြသည်။

ကုန်းရိထျန်းဟန်ကမူ အနည်းငယ် အနေခက်သည့်ပုံပေါ်သည်။

ထို့နောက် ကုန်းရိအိမ်တော်က မိသားစုများက ကုကျိုးကို လန့်​စေသည့် ကိစ္စတစ်ခုကို လုပ်လိုက်ကြသည်။

သူတို့အားလုံးက ရုတ်တရတ် -- ကြမ်းပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်ကြသည်။

သူ၏ ထောက်ပံ့သူပင်လျှင် ချွင်းချက်မရှိပေ!

ဤသည်ကားအမှန်ပင်။ သို့သော် သူ၏ထောက်ပံ့သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားချောမောသည့် အသွင်ဆောင်နေဆဲဖြစ်ပြီး မည်သည့်ပုံစံပင်ဖြ​စ်ပါစေ၊ သူ၏ အသွင်အပြင်နှင့် အမူအယာက အမြဲပထမတန်းစားပင်။။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now