ဇာတ်သိမ်းပိုင်း Uni/Zawgyi

12.4K 342 49
                                    

ဘုရင့် သည်းဦးပန်
အပိုင်း (19) ဇာတ်သိမ်းပိုင်း

၁၀နှစ်ကြာပြီးနောက်.....

ရိုင်ယန်အ်ိမ်တော်၏ ဒုတိယထပ် ထိုအိမ်တော်၏သခင်ရိုင်ယန်လိုင်းယ(န်)နေခဲ့သော အခန်းသည် အခုတော့ သည်းရဲ့အိပ်ယာပေါ့ ကိုကိုရှိတုန်းကအတိုင်း လက်ဟန်ခြေဟန်မပျက် ထားရှိပြီး သည်းအိပ်မပျော်တိုင်း ကိုကို့အခန်းမှာလာအိပ်ဖြစ်သည်။

ကိုကို့အိပ်ယာဘေးက ဖန်အိုးလေးထဲမှာ သည်းပေးခဲ့သမျှချိုချဉ် တွေကို မစားဘဲသိမ်းထားခဲ့တဲ့ကိုကို။

"ကိုကို ပြန်လာမယ်ဆိုတာ သည်းယုံကြည်တယ် ဘယ်အချိန်ပဲပြန်လာပြန်လာ သည်း စောင့်နေမှာပါ အမြဲတမ်း ...."

သည်း အိပ်ယာထပြီးနောက် ကိုကို့အခန်းထဲမှ မိမိအခန်းသို့ပြန်ခဲ့၏။ ရိုင်ယန်လိုင်းယ(န်)ကုမ္ပဏီကို ခရစ်ကသာဆက်၍ဦးစီးသည်။

"CEOကိုခရစ် ဒီနေ့သည်း အိမ်ပြန်နောက်ကျမယ်နော် ကားယူသွားတယ်"

ခရစ်သည် သည်းအား လိုင်းယ(န်)မရှိသည့်အချိန်ကစပြီးညီမလေးတစ်ယောက်လို စောင့်ရှောက်လာခဲ့၏ ။

"အန်တီဆွေ သည်းကို မစောင့်နဲ့နော် ထမင်းစားနှင့် "

"သည်း မနက်ဖြန် ရှယ်ယာ ဆွေးနွေးပွဲရှိတယ်နော် ညကို အရမ်းတော့ နောက်မကျစေနဲ့"

"ဟုတ်ကဲ့ပါ သည်းလည်း မိတ်ဆုံစားပွဲလေးရှိလို့ပါ"

ကုပ်အင်္ကျီခရမ်းရောင်နှင့် ဘောင်းဘီခရမ်းရောင်ဝမ်းဆက်ဝတ်ဆင်ထားသည့် သည်းသည် အရင်က ဂါဝန်လေးနှင့် ဆိုင်ကယ်တစ်စီးနှင့် အလုပ်ဆိုပြီး ပြာယာပြာယာသွားတတ်သော ကလေးမ နှင့် တကယ်ကွဲပြားသွားသည်။

ဆံပင်ရှည်ကို နောက်မှာစုထုံးထားပြီး တကယ်ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်အလား။

"ဟုတ်ပါပြီ ဂီတဆရာမကြီးရယ် "

နောက်လိုက်တဲ့ခရစ်ကြောင့် သည်း လည်းပြုံးလိုက်ပြီး လက်ပြနှုတ်ဆက်ထားခဲ့သည်။

×××××

သည်းသည် ကျောင်းဆက်တက်၍ Zoologyနှင့်ပဲ ဘွဲ့ရခဲ့ပြီး သည်းတက်ခဲ့သော Guitarသင်တန်းမှာ Guitarဆရာမ ပြန်လုပ်သည်။ သည်းဟာ ကားပါကင်ထိုးရင်း ဖုန်းလာသဖြင့် ကားရပ်ပြီးနောက် စလင်းဘတ်အိတ်ထဲက ကိုကိုဝယ်ပေးခဲ့သောဖုန်းလေးကိုထုတ်ကိုင်လိုက်၏။ ဖုန်းမော်ဒန်တွေဘယ်လောက်အသစ်ပေါ်ပါစေ သည်းတစ်ယောက်ဟာတော့ ကိုကိုပေးခဲ့သည့်ဖုန်းကို အသစ်လဲမကိုင်ပေ။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now