ရှစ်တန်းကျောင်းသူ ဖြစ်နေပြီ ဖြစ်သော
ခြူးမေခင်သည် ငယ်ငယ်ကတည်းက
ချစ်စရာကောင်းခဲ့၍ ယခုမူ ပို၍ပင်
လှသွေးကြွယ်နေတော့သည်။ဖြူဖွေးသေးသွယ်သော ခန္ဓာကိုယ်လေးထက်၌ ဆံနွယ်ရှည်များက ကျောလယ်အထိ ဖြာ၍ ဝဲကျနေသည်။
ကျောင်း၀တ်စုံအဖြူအစိမ်းကပင် သူမအလှကို မရိုးစင်းနိုင်ပါချေ။ သူမက ခပ်သွက်သွက်ပင် စိန်ပန်းပင်အောက်က စက်ဘီးဆီသို့လျှောက်လာနေသည်။ အကြောင်းမှာ သူမနောက်မှ ကောင်လေးတစ်ယောက် လိုက်ပါလာသောကြောင့်ပင်။
ဒီ အနုဆိုတဲ့ကောင်ကလည်း ဒီနားမှာပဲ စောင့်ပါဆိုတာကို ဘယ်သွားနေလဲ မသိ။
ဒီနေ့ သူမက ဆရာမကို စာမေးနေ၍ ကျောင်းဆင်းနောက်ကျလေသည်။
ကျောင်း၀န်းထဲ၌ လူရှင်းနေ၍ အနောက်မှ ကပ်ပါလာသော တစ်ယောက်ကို သူမ လန့်လာပါ၏။"ခြူး မေခင်"
နောက်သို့ လှည့်ကြည့်လိုက်တော့
၉တန်းက ချောသည်ဟု နာမည်ကြီးနေသည့် အကို။"ရှင်"
"တစ်ယောက်ထဲလား"
"ဟင့်အင်း အနုပါတယ် "
အယ် မှားသွားပြီ။ အနုက သူ့နာမည်ကို အနုလို့ခေါ်တာ မကြိုက်ဘူး။ ဒါပေမဲ့ သူမက နှုတ်စွဲနေလေတော့ အိမ်မှာပဲ ခေါ်ရမယ်တဲ့ ။ ကျောင်းမှာ လုံး၀ မခေါ်ရဘူးတဲ့လေ။ လုံး၀ လို့ အနုထည့်ပြောထားရင် လုံး၀ ပါပဲ။ သူ ဒေါသထွက်ရင် သိပ်ကြောက်ဖို့ကောင်းတာ ။
"အနု?"
"အဲ သူငယ်ချင်းပါ ပါတယ်"
"ဪ ။ ဒါနဲ့ ဒါလေး "
ကမ်းပေးလာတာက စာရွက်အခေါက်လေး။ဟင် ဒါရည်းစားစာ ပေးနေတာများလား။ ဟင့်အင်း။
"ဟိုလေ ညီမ သွားတော့မယ်နော်"
"ဟိတ် နေဦးလေ ဒါလေးတော့ ယူသွားပါ"
သူမ အနည်းငယ် လန့်လာပါသည်။ ယူလည်း မယူချင်။ မယူရင်လည်း တစ်ခုခုဖြစ်လာမည်ကို ကြောက်ပါသည်။
အားကိုးဖွယ်ရာ ရှိလို့ ရှိငြား ဘေးဘီဝဲယာကို လှမ်းကြည့်လိုက်တော့