အပိုင်း ၃၈ - (တော်ဝင်မင်းသား)

2.8K 435 2
                                    

[Zawgyi]
အပိုင်း ၃၈ - (တော်ဝင်မင်းသား)

ယွီရှောင်ချောင်းက အဆင့်အတန်းမြင့် အဝတ်အစား ဆင်ယင်ထားတဲ့ လူတစ်စုထဲက တချို့လူတွေက သူမတို့ရှိရာကို လှည့်ကြည့်နေတာ သတိထားမိတော့ သူမမောင်လေးရဲ့ပါးစပ်ကို အလောတကြီး အုပ်ထားလိုက်တယ်။ အဲ့ဒီမင်းမှုထမ်းတွေမှာ ဘယ်လိုစိတ်နေသဘောထားရှိတယ်ဆိုတာ ဘယ်သူသိမှာလဲ။ သူတို့နဲ့ ရင်ဆိုင်မိခဲ့ရင် ထိခိုက်မယ့်သူက သူမတို့ပဲဖြစ်တယ်။

ဝတ်ရုံဝတ်ထားတဲ့လူငယ်လေး ဘေးကသူက အလွန်ဖြူဖျော့နေတဲ့ အဘိုးအိုတစ်ယောက်ဖြစ်တယ်။ အဘိုးကြီးက သူ့မျက်လုံးတွေက တစ်ချက်လက်သွားပြီး လူငယ်လေးအား တစ်ခုခုပြောရန် သူ့ခေါင်းကိုနိမ့်လိုက်သည်။ လူငယ်က မြင်းဇက်ကြိုးကိုဆွဲ၍ မောင်နှမနှစ်ယောက်ရှိနေတဲ့နေရာဆီ လှမ်းပြီး လှည့်ကြည့်လိုက်တယ်။

အခုတော့ ယွီရှောင်ချောင်းက လူငယ်လေးရဲ့ရုပ်ရည်ကို သေချာမြင်နိုင်ပြီဖြစ်သည်။
သူက မီးတောင်ထွက်ကျောက်လို နက်မှောင်နေတဲ့ မျက်လုံးတစ်စုံရှိပြီး သူရဲကောင်းဆန်တဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေသည်။

သူ့ရဲ့ပထမဆုံးအကြည့်မှာ သူ့ပုံစံကငြိမ်သက် အေးချမ်းနေပေမယ့် ပိုပြီးအနီးကပ်ကြည့်လိုက်မယ်ဆို သူက တိကျပြတ်သားပြီး လိမ္မာပါးနပ်မှုတွေ ပြည့်နေတဲ့စိတ်ထားကို ဖုံးကွယ်ထားတယ်ဆိုတာ မြင်နိုင်သည်။ သေချာထုဆစ်ထားပုံပေါ်တဲ့ ချောမောတဲ့မျက်နှာနဲ့ ယှဉ်တွဲလိုက်ရင် သူ့ရဲ့
ပြုမူပြောဆိုဟန်က ပိုပြီးခံ့ညားပုံပေါ်လာသည်။

ရုတ်တရက် ယွီရှောင်ချောင်းက သူမရှေ့ကလူက ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် အရွယ်လူငယ်
တစ်ယောက်မဟုတ်ပဲ အမဲလိုက်နေတဲ့ ကြမ်းကြုတ်တဲ့ကျားတစ်ကောင်လို့ ခံစားလိုက်ရတယ်။

သို့သော် သူ့မျက်နှာကို အနီးကပ်သေချာကြည့်ပြီးတဲ့နောက် သူ့ကို တစ်နေရာရာမှာ အရင်က မြင်ဖူးတဲ့ပုံ ဘာလို့ပေါက်နေပါလိမ့်။ သူမရဲ့အရင်ဘဝမှာ နာမည်ကြီးတွေအများကြီး မြင်တွေ့ဖူးလို့များလား။ အဲ့ဒါကြောင့် အခု ချောမောတဲ့လူက သူမ မြင်ဖူးတဲ့ လူတစ်ယောက်ယောက်နဲ့ တူတာပဲနေမှာပါ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now