အခန်း ၄၀ (မြင့်မားသောအထွက်နှုန်း)

2.9K 403 0
                                    

[Zawgyi]
အခန်း ၄၀ (မြင့်မားသောအထွက်နှုန်း)

[ငါ မင်းကို ဘယ်နှခါတောင်ပြောပြီးပြီလဲ ငါစုပ်ယူနေတာက မင်းတို့လိုလူသားတွေမစုပ်ယူနိုင်တဲ့ ဝိညာဉ်စွမ်းအင်ပါဆို။ အဲ့တာက ဆေးဘက်ဝင်အပင်တွေရဲ့အကျိုးရလဒ်ကို မထိခိုက်နိုင်ဘူး။ မင်း ငါ့ကိုအခုထိမယုံသေးဘူးပဲ ။ အဘိုးယိုဆိုတဲ့သူရဲ့အိမ်က ဆေးဖက်ဝင်အပင်တွေကလည်း ဝိညာဉ်စွမ်းအင်က သနားစရာကောင်းလောက်အောင်ကို နည်းနည်းလေး]

အံ့ဖွယ်ကျောက်တုံးလေးက စ ဈေးဆစ်တော့တယ်။

[ဟုတ်ပါပြီ ! ငါ နောက်တကြိမ် မြို့ကိုသွားရင် တုန်းရန် ဆေးခန်းကိုခေါ်သွားပြီး မင်းလိုချင်သလောက် ဝိညာဉ်စွမ်းအင်ကိုစုပ်ခွင့်ပေးမယ်]

နောက်ထပ်ကန်စွန်းဥကိုရှာရင်း ရှောင်ချောင်းက ကန်စွန်းဥတွေကို ကိုင်တွယ်တဲ့နေရာမှာ
သူမစွမ်းအား အားလုံးကို အာရုံစိုက်ပြီး အံ့ဖွယ်ကျောက်တုံး ကို သာမန်ကာလျှံကာတုံ့ပြန်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမမြို့ကိုနောက်တစ်ခါသွားလို့ရမယ် မရမယ်လို့ ဘယ်သူသိမှာလဲ။

အလုပ်ဖြစ်စေ တာဝန်ယူရှိလို့ဖြစ်စေ ခေါင်းရှောင်ဖို့ တခါမှမကြိုးစားခဲ့တဲ့ အမျိုးသမီးလျိုက ကန်စွန်းဥတွေကို ကုန်းပြီး မနားမနေတူးခဲ့တယ်။ 'ပြီးခဲ့တဲ့နှစ်တွေမှာ သဲမြေမှထွက်လာတဲ့ ကန်စွန်းဥတွေက လက်ဖဝါးစာအရွယ်ထက် ပိုမကြီးဘူး ။ ဒီနှစ်တော့ ကန်စွန်းဥတွေက လေတွေနဲ့ ပြည့်နေတဲ့အတိုင်းပဲ။ တစ်ခုထက်တစ်ခု ပိုကြီးနေတာတွေကြီးပဲ ' လို့ သူမက တိတ်တိတ်လေးတွေးခဲ့တယ်။

အခုလေးတင် သူမရဲ့အငယ်ဆုံးသမီးလေးတူးလိုက်တဲ့ကန်စွန်းဥက အကောင်းဆုံးဖြစ်မယ်လို့ သူမ အစက တွေးမိတာဖြစ်တယ်။ ဒါပေမယ့် သူမတူးထားတဲ့ကန်စွန်းဥတွေကလည်း သူမအငယ်ဆုံးသမီးတူးထားတဲ့ ကန်စွန်းဥတွေထက်နည်းနည်းတောင် မနိမ့်ကျခဲ့ဘူးဆိုတာကို သူမ မမျှော်လင့်ထားခဲ့ပေ ။ တချို့ဆို အာလူးဘုရင် အရွယ်ထက်တောင် ကျော်လွန်နိုင်တယ် ။

အမေ ဒီနှစ် ကန်စွန်းဥအရွယ်က အရင်နှစ်ကထက် ပိုပြီးကြီးတယ်။ ဒီနှစ်လည်း သမီးတို့ ကန်စွန်းဥတွေအများကြီး ရိတ်သိမ်းနိုင်မယ်ထင်တယ် ယွီရှောင်လျန်က မယုံကြည်နိုင်ဖြစ်နေလေတယ်။ အရင်နှစ်ကလည်း ဒီမြေကွက်ပဲဖြစ်ပြီး အစေ့တွေကလည်း အရင်နှစ် ကန်စွန်းဥတွေဆီကပင်။ သို့သော်လည်း ဒီနှစ် ကန်စွန်းဥရိတ်သိမ်းတာက ဘာလို့ပြိုင်ပွဲတခုနဲ့တူနေပါလိမ့်။ တစ်ခုက နောက်တစ်ခုထက် ပိုကြီးနေလေတယ် ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now