Chapter (46)

26.4K 3.5K 378
                                    

ရနံ့ကုထုံးဌာနကနေပြန်ထွက်လာတာနဲ့ လော်ရှို့တို့နှစ်ယောက် လုံလင်းတောင်ကို ပြန်ဖို့ ကားပေါ်တက်လိုက်တယ်။လော်ရှို့က မုန့်ရန်ကို ပွေ့ဖက်ပြီး ထပ်မေးပြန်တယ်။

"ဒဏ်ရာမရဘူးဆိုရင်တောင် နည်းနည်းလေးပဲဖြစ်ဖြစ် နာနေတဲ့နေရာရှိရင် ကိုယ့်ကို ချက်ချင်းပြောရမယ်နော်"

"စစချင်း အတွန်းခံရတုန်းကတော့ နည်းနည်း နာသေးတယ်၊နောက်တော့ လုံးဝမနာတော့ဘူး။သူ ကျွန်တော့်ကို မရိုက်နိုင်ပါဘူး။ကျွန်တော်ကပဲ သူ့ကို ရိုက်ခဲ့တာ"

"သူ မင်းကို အခုလိုပြသာနာရှာတာ တစ်ကြိမ်မကတော့ဘူးမလား??ဘာလို့ ကိုယ့်ကို မ​ပြောပြခဲ့တာလဲ??"

"သူ့အစ်ကိုက ခင်ဗျားနဲ့ ခင်တယ်ဆိုတာ ကျွန်တော်မှ မသိခဲ့တာ။သူက ခင်ဗျားကို ကြိုက်နေလို့ ကျွန်တော့်ကို တမင်သက်သက် ပြသာနာ လိုက်ရှာနေတာ။အစကတော့ ကျွန်တော်တို့ရဲ့ဆရာတွေ မတည့်ကြတဲ့အပြင်၊ကျွန်တော်က သူ့ထက်တော်နေတာကို မနာလိုဖြစ်လို့ ပြသာနာရှာနေတယ်ပဲ ထင်နေခဲ့တာ။ဒီလို ခွေးရူးမျိုးကို အဖက်လုပ်နေစရာမလိုဘူးလို့ပဲ သတ်မှတ်ထားတာ။သူ ခင်ဗျားကိုကြိုက်လို့ အခုလို လုပ်နေမှန်းသိရင်အစကတည်းက ပြောပြတာပေါ့"

"သူ ကိုယ့်ကို ကြိုက်နေတယ်??"

လော်ရှို့ ဝေခွဲမရဖြစ်သွားတာကြောင့် မျက်မှောင်ကြုံ့လိုက်တယ်။

"ခင်ဗျား မသိဘူးလား??"

မုန့်ရန် လော်ရှို့ရဲ့ လက်မောင်းတွေပေါ်မှီတွယ်ပြီး မော့ကြည့်လိုက်တယ်။

"ကိုယ် သူနဲ့  တစ်ခါ၊နှစ်ခါလောက်ပဲ ဆုံခဲ့ဖူးတာ။အဲ့တုန်းက လူတွေအများကြီးဆိုတော့ သတိမထားမိခဲ့ဘူး။သူ့ရဲ့ မောက်မာတဲ့စရိုက်တွေတော့ နားစွန်နားဖျားကြားဖူးတယ်။ဖူကျင်းနဲ့တွေ့ဖြစ်တုန်းလည်း သူ့ညီလေးအကြောင်းကို သာမန်ကာလျှံကာလောက်ပဲပြောဖူးတာ။ကိုယ့်ကို ကြိုက်နေတဲ့ အကြောင်းတစ်ခါမှ ထည့်မပြောခဲ့ဖူးဘူး"

"ခင်ဗျား ကို အချိန်တွေအကြာကြီး ကြိတ်ကြိုက်နေခဲ့တာဆိုတော့ သူ့အစ်ကို မသိတာလဲဖြစ်နိုင်တာပဲ"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now