Chapter 14 (U+Z)

6.6K 1.4K 94
                                    

-Unicode-

အခန်း ၁၄: ဆက်တိုက် ကံဆိုးခြင်း

ကျွမ်းကျိုးဟာ ချန်ကျင့်ရွှယ်လက်ထဲက စက်ရုပ်ကို ပြန်ဆွဲယူလိုက်ပြီး စိတ်ဆိုးလွန်းလို့ ဖောင်းကားနေတဲ့ ပါးတစ်စုံနဲ့အတူ ထွက်သွားတော့တယ်။

ပြောဖို့လွယ်ပါတယ်၊ သူတကယ် အရမ်းကို စိတ်ဆိုးနေတာပဲ။

ရှောင်ဖော့လန်ဟာလည်း အရမ်းစိတ်ဆိုးနေတယ်။ သူ့ရဲ့စက်ဘီးလုံးကို မြှောက်လိုက်ပြီး ချန်ကျင့်ရွှယ်ရဲ့ခြေထောက်ကို ဝင်တိုက်ပစ်လိုက်ပါရော။ အဲဒီနောက်တော့ တကျွိကျွိမြည်သံပေးပြီး ကျွမ်းကျိုးနောက်ကနေ လိုက်သွားတယ်။

ရှောင်ဖော့လန်ကန်သွားတဲ့ ခြေထောက်က ချန်ကျင့်ရွှယ် အရင်က ကျိုးထားတဲ့တစ်ဖက်ဖြစ်နေတယ်။ သူက ကုသခန်းထဲမှာ လတ်တလောကမှ ပြန်ဆက်ထားတာ။ အဲဒီကန်ချက်က သူ့ကို နာလွန်းလို့ ခုန်ပေါက်နေစေတယ်၊ သူက ငိုရင်းနဲ့: "ဘာတွေလုပ်နေတာလဲ။ ဘာကိစ္စ ငါ့ကိုကန်ရတာလဲ"

သို့ပေမဲ့ ကျွမ်းကျိုးနဲ့ ရှောင်ဖော့လန်ကတော့ နှစ်ယောက်စလုံး ပြန်လှည့်ပြီး ထွက်သွားပြီ။

ချန်ကျင့်ရွှယ်ဟာ စိတ်ရှုပ်ထွေးမှုပြည့်နှက်နေတဲ့ မျက်နှာပေးနဲ့ : "ဘော့စ် သူငယ်ချင်းလေးက ဘာဖြစ်သွားတာလဲ။ ဘာဖြစ်လို့ သူက စိတ်ဆိုးသွားတာလဲ"

ဝမ်ရှောင်းယွင်ဟာ တစ်ချက်လှည့်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ သူ့ကို ရှောင်ပြီး ထွက်သွားတယ်။

ကျွမ်းကျိုး သူ့အခန်းကို ပြန်လာခဲ့တယ်။ သူလုပ်ထားတဲ့ စက်ရုပ်ကို ကုတင်ဘေးမှာ တင်ထားပြီး သူကတော့ ကုတင်ပေါ်မှာ ထိုင်နေတယ်။

ရှောင်ဖော့လန်ဟာ စက်ရုပ်အသစ်ကို ကြည့်လိုက်ပြီး ကျွမ်းကျိုးဘက်ကို ကြည့်လိုက်တယ်။ ကျွမ်းကျိုးကို လိုက်တုပြီး သူလည်း ဘေးမှာ ဖင်ချထိုင်လိုက်တယ်။

ကျွမ်းကျိုးက ပြောတယ်: "ငါသူ့ကို ကောင်းချီးမပေးတော့ဘူး"

ရှောင်ဖော့လန်က လေးနက်နေတဲ့အမူအရာနဲ့ ခေါင်းညိတ်တယ်။

ဟုတ်တယ်။ သူနဲ့ မပေါင်းနဲ့။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now