Episode-14

4.5K 503 69
                                    

♡Unicode version♡


ကတီဗာကော်ဇောပေါ်စိန်ပွင့်ကလေးတွေကျဲထားသလို နက်ပြာရောင်ကောင်းကင်ကျယ်ကြီးထက်မှိန်တုံ့မှိန်တုံ့ကြယ်ကလေးတွေခပ်စိပ်စိပ်နေရာယူထားတယ်။ပင်လယ်ပြင်နှင့်​လှမ်းလှမ်းမှာရှိသည့်ရွက်ဖျင်တဲကလေးတွေမှာတော့သဲသောင်ခုံထက်ဟိုတစုဒီတစုငြိမ်ငြိမ်သက်သက်။မီးပုံအကြီးကြီးနဘေးကကျောင်းသားတစုမှာလည်း ဂစ်တာသံတဒင်ဒင်တဒေါင်ဒေါင်ပေးရင်း အဖွဲ့ကျလျှက်ရှိတယ်။

ကျောင်းသူတချို့ကညစာအတွက်အသားကင်တွေပြင်ဆင်နေရင်းခေါင်းချင်းဆိုင်လို့အကြောင်းတခုခုကိုတီးတိုးအတင်းတုပ်နေကြတယ်။မီးပုံကြီးကအလင်းဖြာလို့ရေးရေးသာမြင်နေရသည့်ရွက်ဖျင်တဲရှေ့ထိုင်နေသည့်ကိုလူချောကိုလည်းမသိမသာလှမ်းကြည့်တတ်ကြသေးတယ်။

"ရိပေါ်!..."

ရှောင်းကျန့်ထိုင်စောင့်နေရင်းညနေကတည်းကရွက်ဖျင်တဲတွင်းဝင်သွားရာမှပြန်ထွက်မလာတော့သသည့်ကောင်လေးကိုခေါ်သံပေးရတယ်။သူ့အတွက်ကြောင့် ဗိုက်ဟောင်းလောင်းနဲ့တော့ကောင်လေးကိုရှက်ခွင့်မပေးနိုင်ဘူးလေ။

"ရိပေါ်!...ကိုယ်ခေါ်နေတာကြားလား..."

ဒုတိယအကြိမ်အထိတဲအတွင်းကထူးသံမလာသေး။ကောင်လေးကရှက်လို့မဝသေးပေမဲ့ အဆာလွန်သွားရင်လည်းသူစိုးရိမ်ပိုရဦးမည်လေ။

"ရိပေါ်...ကိုယ်တို့အရင်ညဆာသွားစားရအောင်နော်..."

"အကိုဘာသာသွားစားလေ...ဘာလို့သူများကိုခေါ်နေတာလဲ!..."

တဲအပြင်လျှံကျလာသည့်အသံသေးသေးလေးကြောင့်ရှောင်းကျန့်တဲရှေ့ဒူးထောက်လိိုက်ရင်း​ပြုံးမိပြန်တယ်။လူကိုအပြစ်လည်းတင်ချင်သည် ကြမ်းကြမ်းတမ်းတမ်းလည်းမပြောတတ်သည့်ကောင်လေး။

"အတူသွားမယ်လေ...ဟိုမှာညဆာအဆင်သင့်ဖြစ်နေပြီ...ရိပေါ်ထွက်မလာရင် ကိုယ်ဝင်လာမှာနော်..."

*ဗြီး!*

ရှောင်းကျန့်စကားဆုံးတာနဲ့ရွက်ဖျင်တဲဇစ်ကလေးပွင့်ဟလာပြီးရိပေါ်ကခေါင်းလုံးလေးငုပ်ထားလျှက်။

LOVE ME,OK![Complete]Where stories live. Discover now