3.5

659 80 4
                                    

Unicode

'host ထအုံး ကျတော် hostရှာခိုင်းတဲ့ဟာသိလာပီ'

'ဟမ် အော် ပြောလေရှောင်း '

'host ဘယ်လိုလုပ်အိပ်ပျော်သွားတာတုန်း
ကျတော်သွားတုန်းကတောင်အကောင်းပါ'

'အင်းငါလည်းမသိဘူး ဆန်ပြုတ်သောက်ပီး
အဲ့လိုဖြစ်သွားတာပဲ'

'အာ host စုံစမ်းခိုင်းတဲ့ဟာလေ
အဲ့ဒီသွေးစက်ကို စမ်းသပ်ကြည့်တော့ သေဆုံးသူရဲ့သွေးဖြစ်နေတယ်တဲ့လေ
host နဲ့အတူ လုပ်တဲ့ liz စစ်ဆေးတာ'

'မဖြစ်နိုင်တာ ငါကိုယ်တိုင် ယူခဲ့တာ တရားခံရဲ့သွေးဆိုတာ လုံးဝသေချာတယ်'

' အင်းနော် host ထင်တာ က တစ်ယောက်ယောက်က သွေးကိုလဲလိုက်တယ်လို့လေ အဲ့လိုလား'

'အင်းဟုတ်တယ် ရှောင်း ငါအဲ့လိုထင်နေတယ် နင်နောက်ထပ်စုံစမ်းပေးအုံး တွေ့ရင်
သက်သေယူထားလိုက် တစ်ချိန်ချိန်ကျရင်
အသုံးဝင်လာနိုင်တယ်လေ'

'အာ ပီးတော့လေ host နောက်တစ်မှုပေါ်လာပြန်ပီ '

'ဟမ် အရင်လူသတ်သမားပဲလား'

'မဟုတ်ဘူး host ဒီအမူက မိန်းကလေးတွေချည်းသေတာ ကွင်းဆက်လူသတ်သမားပဲ'

'နောက်တစ်မှုပေါ့ အင်း ငါသွားမှဖြစ်မယ်'



Lina မျက်လုံးဖွင့်ပီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိတော့ သူမဆေးရုံမှာပဲရှိသေးသည်
သူမ Daniel ကိုရှာကြည့်မိတော့ သူက အခန်းရဲ့ ဆိုဖာ ပေါ်မှာ အိပ်နေလေတယ်

သူမဖြည်းဖြည်းချင်း ကုတင်ပေါ်က ဆင်းကာ
သူ့ဆီကို သွားလိုက်တယ်

ယောကျာ်း တစ်ယောက်က အိပ်နေရင်တောင် ဒီလောက်ထိချောမောဖို့လိုအပ်လား
သူမ သူ့ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုလုံးကို
သေချာစွာလိုက်ကြည့်နေမိသည်
သူရဲ့မျက်ခုံးဟာ ဖြောင့်တန်းပီး နက်မှောင်နေတယ်
သူမကို စကားတစ်ခွန်းပြောတိုင်းပင့်ပင့်သွားတဲ့ မျက်ခုံးပေါ့
သူမ ကိုစနောက်တတ်လွန်းတဲ့နှုတ်ခမ်းပါးကကော
မနာလိုလိုက်တာ သူကတကယ်ကို ခန့်ညားလွန်းသူပါပဲ
သူမ သတိလက်လွတ်ငေးမောနေတုန်းမှာပဲ
သူ့ရဲ့မျက်လုံးအစုံဟာ ပွင့် လာတယ်
သူမလည်း ရှက်ပီးလှည့်ထွက်ဖို့ပြင်ပေမယ့်
သူမရဲ့လက်ကိုဆွဲလိုက်တာမို့ သူ့ရဲ့ရင်ခွင်ထဲကို သူမရဲ့ ခန္ဓာကိုယ်လေးကပစ်ဝင်သွားခဲ့တယ်

villain systemWhere stories live. Discover now