|43|

2.2K 427 7
                                    

[Unicode]

ဖြစ်စဉ်တစ်ခုလုံးက ရိုးရှင်းလှပါတယ်။

ချစ်ကျွမ်းဝင်နေတဲ့စုံတွဲဟာ လတ်တလောမှာ ဟယ်ရှင်းချွမ်နဲ့တွေ့ထားမိတယ်။
ဒီမနက်မှာတော့ ကျောင်းအုပ်ကြီးဆူတာကိုခံလိုက်ရတယ်။
သူတို့တွေးမိတာက 'ဟယ်ရှင်းချွမ်တိုင်လိုက်တာပဲဖြစ်ရမယ်' ဆိုပြီးပေါ့။

ကောင်လေးက ဒေါသကြီးသူတစ်ယောက်။
အတန်းထဲပြန်ရောက်ရောက်ချင်းမှာပဲ ဟယ်ရှင်းချွမ်ကိုဆွဲထိုးလေတော့တယ်။

ဟယ်ရှင်းချွမ်ဆိုတာ ငယ်ငယ်လေးကတည်းကလက်မပါတတ်တဲ့သူ၊ အဲ့တော့ ထိုးနှက်ချက်ကိုခံလိုက်ရတယ်။
အတန်းသားတွေသာဝိုင်းမဆွဲခဲ့ဘူးဆိုရင်၊ ဟယ်ရှင်းချွမ်မျက်နှာပေါ်မှာ ဒီ့ထက်ပိုပြီးဒဏ်ရာတွေများလောက်တယ်။

ဆရာမကတော့ သူ့ဘက်မှာရပ်တည်ပေးခဲ့ပါတယ်။
သို့သော်လည်း...ဘာမှမဆိုင်ပဲအထိုးခံလိုက်ရတာ...ဟယ်ရှင်းချွမ် စိတ်တိုနေတုန်းပဲ။

မုန့်တစ်ကိုက်ကိုက်တိုင်း တကျွတ်ကျွတ်ဖြစ်နေတဲ့ဖြူလေးကြောင့်၊ ယန်ထန်လည်း စိတ်မကောင်းနိုင်တော့ဘူး။
စိတ်မကောင်းပေမဲ့ မဆူလို့လည်းမဖြစ်ပြန်ဘူးလေ
"မင်းရည်းစားက ရန်ပွဲတိုင်းအနိုင်ယူခဲ့တာ! မင်းက ဒီပုံစံအရိုက်ခံလာရလား? အဓိပ္ပာယ်မရှိတာကွာ!"

ဟယ်ရှင်းချွမ်ကတော့ မသိချင်ယောင်ဆောင်ထားပုံပဲ၊ မုန့်ကိုသာငုံ့ကြည့်နေတယ်။

"ဘယ်သူကပြောခဲ့တာလဲ? ငါ့လက်တွေကဘောပင်ကိုင်ဖို့သပ်သပ်ဆို! ရန်ဖြစ်ဖို့မဟုတ်ဘူးဆို!"

"ဒါဆိုထမင်းစားရင် ခြေထောက်နဲ့တူကိုင်မှာလား? ဘောပင်ကိုင်ပြောတာနဲ့ ဘာမှမလုပ်တော့ဘူးလား?"

မုန့်စားလို့ပြီးချိန်မှာ၊ ဟယ်ရှင်းချွမ်လက်တွေဟာ ယန်ထန့်ပါးတွေကိုဆွဲညှစ်လို့နေတယ်။
"အကျင့်မကောင်းတဲ့လူကြီး!"

စိတ်တိုရတာမှန်ပေမဲ့ ဖြူလေးလည်းဝမ်းနည်းနေသေးပုံပဲ...

ဟယ်ရှင်းချွမ်မျက်နှာကိုကြည့်မိတိုင်း ယန်ထန့်စိတ်တွေဟာ မအီမသာဖြစ်နေရတုန်း။
အတန်းတက်ခေါင်းလောင်းသံကို ကြားရတော့
"အတန်းမတက်နဲ့တော့၊ အပြင်ထွက်လည်ရအောင်"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now