24

11.2K 2K 94
                                    

Unicode

“ရင်းဆုယဲ့၊ ခင်ဗျား အစောပိုင်းကလည်း တိုက်ခိုက်ခဲ့ရတယ်၊ ပြီးတော့ ရတနာတွေရှာတဲ့ လမ်းတစ်လျှောက်မှာလည်း ထောင်ချောက်တွေ အများကြီး ဖျက်ဆီးပစ်ခဲ့ရသေးတယ်၊ အင်အားတွေ အများကြီးသုံးခဲ့တယ်လို့ မထင်ဘူးလား..?”

သူ့စကားရဲ့ ဆိုလိုရင်းကို ရင်းဆုယဲ့ နားလည်ပြီး အရင်ထုတ်ပြောလာဖို့ မျှော်လင့်ရင်း ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို မျှော်လင့်တကြီး မော့ကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ တိတ်ဆိတ်သွားတိုင်း အရင်စကားစရတဲ့လူက သူဆိုတာ သတိထားမိသွားတယ်။ အခုအချိန်မှာတော့ ရွေးချယ်စရာမရှိဘူးပဲ..!

“ဟမ်..?”

ရင်းဆုယဲ့နဲ့ သူနဲ့ အတွေးမတူမှန်း သိသာလွန်းတယ်။

ရင်းဆုယဲ့ကလည်း အတွေးလွန်နေတော့ ရွှယ်ယို့ရှန်း ဘာပြောလိုက်မှန်း မသိလိုက်ဘူး။ အဲ့တာကြောင့် ရွှယ်ယို့ရှန်းရဲ့ စကားကို ရုတ်တရက် နားမလည်နိုင် ဖြစ်သွားရတယ်။

“ကျွန်တော်ပြောချင်တာက ခင်ဗျားရဲ့ ခန္ဓာကိုယ်အတွက်ပါ.. ခင်ဗျား လိုအပ်…………..”

စားဖို့သောက်ဖို့ဟ! အားလုံးပြီးသွားမှ​တော့ ကျွန်တော့်ကို ထမင်းစားဖို့ ပြောသင့်တယ်လေ..!

ရွှယ်ယို့ရှန်းခမျာ ရှင်းပြခွင့်တောင် မရလိုက်ရှာဘူး၊ သူ့ဗိုက်ထဲက အစာအိမ်က အရင်ဆန္ဒပြလာခဲ့ပြီး ‘ဂွီ..ဂွီ.’ ဆိုတဲ့မြည်သံနဲ့ သူ,ဘာဖြစ်နေလဲဆိုတာ တဖက်လူကို သိစေခဲ့တယ်။ ထိုအဖြစ်ကြောင့် ရွှယ်ယို့ရှန်းရဲ့ မျက်နှာက အနည်းငယ် ရှက်သွေးဖြာပြီး ကိုးရိုးကားရား ဖြစ်သွားရတယ်။

သူ့ရဲ့အစာအိမ်က သေချာပေါက် ကိုယ့် teammate ပါမချန် ပြန်ရောင်းစားတတ်တဲ့ ဝက်လိုအဖွဲ့သား(ငတုံး)ပဲ..!

သူက ရင်းဆုယဲ့ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်သလိုလိုနဲ့ ထမင်းစားကြရအောင်လို့ ပညာသားပါပါ သတိပေးချင်ခဲ့တာလေ။ ဒါပေမဲ့ သူ့ရဲ့ အစာအိမ်က အချိန်မှားပြီး အသံထွက်သွားတော့ တစ်ဖက်လူကို ‘သူ ဗိုက်ဆာနေပါတယ်၊ ထမင်းစားချင်ပါတယ်’ လို့ ပြောလိုက်သလို ဖြစ်မသွားဘူးလား..? အခုတော့ သူပဲ မျက်နှာပျက်ရပြီ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now