Chapter(300) - အမြစ်ကနေဖယ်ရှား

3K 740 40
                                    

Unicode

အခန်း(၃၀၀) - အမြစ်ကနေဖယ်ရှား

ထိုအချိန်မှာပဲ အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

သို့ပေမယ့် လျှောက်လာတဲ့ ခြေသံကိုတော့ လုံးဝမကြားရတာကြောင့် အခန်းထဲက လူလေးယောက်လုံးကို ထိတ်လန့်သွားစေသည်။

"ဘယ်သူလဲ?" လင်ရွှမ်းဇီက မေးလိုက်သည်။

"ငါပါ" အလွန်ရင်းနှီးနေတဲ့ အသံတစ်ခုက ပြန်ဖြေလာသည်။

ဝမ်ရိထုန်က ရုတ်တရက် သူ့ထိုင်ခုံကနေ ထခုန်မိပြီး မျက်ခုံးက နှဖူးပေါ်သို့ပင် တက်တော့မည်။

"ပေ့ရှစ်ထျန်း?"

"အမ်း" ပေ့ရှစ်ထျန်းက တုန့်ပြန်သည်။

လင်ရွှမ်းဇီက ဝမ်ရိထုန်အား ကြည့်လိုက်ကာ သူ့ကိုဝင်ခွင့်ပြုလိုက်၏။

ပေ့ရှစ်ထျန်းက အထဲဝင်လာပြီးတာနဲ့ တံခါးကိုပြန်ပိတ်သည်။ သူက အခန်းပတ်ပတ်လည်အား တစ်ချက်လှည့်ပတ် ရှာလိုက်ပြီး ဝမ်ရိထုန်ဆီ အကြည့်ရောက်တဲ့အချိန်မှာ ရပ်တန့်သွားသည်။

ဝမ်ရိထုန်က ပေ့ရှစ်ထျန်းနဲ့ ရင်ဆိုင်တဲ့အချိန်တိုင်း အမူအယာကောင်း ဘယ်တော့မှ မရှိခဲ့ပေ။

"မင်းက ဒီမှာဘာလုပ်နေတာလဲ?" ဝမ်ရိထုန်က မျက်မှောင်ကျုံ့နေပြီး ကြည့်ရတာ မကျေမနပ်ဖြစ်နေပုံပေါ်သည်။

"ငါတို့ဒီမှာရှိတာ ဘယ်လိုလုပ်သိတာလဲ? မင်းက ငါ့နောက်ကနေ လိုက်ရဲရတဲ့အထိ ရဲတင်းနေပြီပေါ့လေ?"

"ခုဏက , မင်းလူအများကြီးကို ဆန့်ကျင်လိုက်တယ်" ပေ့ရှစ်ထျန်းကတော့ သူ့အတွက် အဓိပ္ပါယ်မရှိတဲ့ မေးခွန်းများကို ပြန်ဖြေရမယ့်အစား အဓိကအချက်ကိုသာ တန်းသွားလိုက်သည်.

"ချီးပဲ, ငါဘယ်သူ့ကို ဆန့်ကျင်လိုက်လဲဆိုတာ မင်းကိစ္စပါလို့လား?" ဝမ်ရိထုန်က ပေ့ရှစ်ထျန်းရှေ့ကို လျှောက်သွားလိုက်ပြီး သူ့အားကော်လာကနေ ဆွဲကိုင်လိုက်သည်.

"မင်းဘယ်တုန်းက စပြီးငါ့ကိစ္စတွေကို စိတ်ထဲထည့်သွားရတာလဲ? မင်းကိုဘယ်သူက 'ဝက်ဝံရဲ့ နှလုံးသားနဲ့ ကျားသစ်တစ်ကောင်ရဲ့ ရဲရင့်မှုကို ပေးလိုက်လို့လဲ'?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now