[ 14 ]

36.8K 3.1K 167
                                    

[ သူကြီးသမက် ]

ဘယ်တုန်းကမှရိုးကိုမအော်ဖူးတဲ့အရိပ်က သူ့အဖေကိုမိစ္ဆာကြီးလို့ပြောလို့ဆိုပြီး ရိုးကိုအော်လာသည်။ ရိုးရင်ထဲမှာမလိုမကျစွာစိတ်တိုတိုနဲ့အိမ်အပြန်လမ်းတစ်လျှောက်လမ်းတွေ့သမျှခဲလုံးတွေကန်ရင်းနဲ့ပြန်လာခဲ့ချိန် အောင်သက်တို့အဖွဲ့နဲ့လမ်းမှာဆုံတော့ အရက်ဆိုင်ကိုလိုက်လာခဲ့လိုက်သည်။

" ဟေ့ကောင် သောက်လှချေလားကွ ယောကျ်ားချောချောလေးရထားပြီးတော့ ဘာတွေစိတ်ညစ်စရာရှိလို့လဲ "

" အေး အခုအဲယောက်ျားကဘငါ့ကိုသူ့အဖေနဲ့ပတ်သက်ပြီးတော့ အော်တယ် ငါ့အမှားမဟုတ်ပဲ သူ့အဖေမိစ္ဆာကြီး အကျင့်ယုတ်တာကိုသိရဲ့နဲ့ငါ့ကိုပဲအပြစ်ပြောတယ် တောက် ! "

အောင်သက်အမေးကိုပြန်ဖြေရင်းနောက်တစ်ခွက်ထပ်သောက်ချပစ်လိုက်သည်။

ရိုးရင်ထဲဝမ်းနည်းမိတာလား ခံပြင်းနေတာလား မသိ သူ့ကိုမအော်ဖူးတဲ့အရိပ်ရဲ့အော်လိုက်သံကသူ့နားထဲမှာပြန်ကြားယောင်လာမိတော့ ဒေါသကအလိုလိုထွက်လာပြန်သည်။

" ရိုး "

အရက်သောက်နေတုန်းအရိပ်ခေါ်သံကြောင့် ရိုးလှည့်ကြည့်လိုက်တော့ သူ့အနောက်ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိတဲ့ အရိပ်ကသူ့ကိုမျက်နှာငယ်လေးနဲ့ကြည့်နေသည်။

ရိုး အရိပ်ကိုအရက်ဆိုင်ထဲတွေ့လိုက်ရတော့ အလိုမကျစွာမျက်မှောင်ကြုတ်လိုက်၍။

" ဘာလာလုပ်တာလဲ ဒီအရက်ဆိုင်ထဲကို !"

" ဟို ရိုးအိမ်ကိုလိုက်သွားတာ မတွေ့လို့လိုက်ရှာရင်းနဲ့ဒီကိုရောက်လာတာ "

ရိုး အရိပ်ကိုအရက်ဆိုင်ထဲကြာကြာမနေစေချင်တာကြောင့် ထိုင်နေရာကထလိုက်၍ အရိပ်လက်ကိုဆွဲပြီးဆိုင်ထဲကထွက်လိုက်တော့ အနောက်ကနေအောင်သက်တို့ရဲ့စနောက်သံကကပ်ပါလာသည်။

" ဟားဟားဟား"

" ငရိုးတို့များအခုတော့ အရက်သောက်ရင်ဆိုင်အထိလိုက်ခေါ်မယ်သူတွေရှိလာပြီ "

ရိုး အောင်သက်စကားကိုတုံ့ပြန်မဖြေတော့ပဲ အရိပ်လက်ကိုဆွဲပြီးရွာလမ်းတစ်လျှောက်အိမ်ပြန်လာရင်းနဲ့အရိပ်ကိုမေးလိုက်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now