အပိုင်း၄၂ (ဆောင်းတွင်းကပ်ဘေးဒုက္ခ)

2.6K 447 7
                                    

[Zawgyi]
အပိုင်း၄၂ (ဆောင်းတွင်းကပ်ဘေးဒုက္ခ)

ဟုတ်ပြီ! ဟုတ်ပြီ! အိုးထဲမှာ ရေနွေးတွေရှိသေးတယ်၊ အရီးသွားယူလိုက်မယ်

ရှောင်ချောင်းက ဘာလုပ်ရမယ်ဆိုတာ သေချာသိနေပုံရတဲ့အတွက် ရွှမ်းကျူးရဲ့ဇနီးစိတ်ထဲ မျှော်လင့်ချက်လေး တစ်ခုထွက်ပေါ်လာတယ်။ သူမက ချက်ချင်းပဲ မီးဖိုချောင်ထဲက ရေနွေးကို အလျင်အမြန် သွားယူလိုက်တယ်။ အလောကြီးလွန်းလို့ ခြံထဲမှာ ချော်လဲတော့မလိုတောင် ဖြစ်သွားတယ်။

ယွီရှောင်ချောင်းက ဦးလေးရွှမ်းကျူးရဲ့ သွေးခုန်နှုန်းကို သေချာစမ်းသပ်ပြီးနောက် ဆေးသတ္တာထဲက အဖျားကျဆေးတွေကို ထုတ်လိုက်ပြီး ဆေးကြိုဖို့ မြန်မြန်ပြင်ဆင်လိုက်တယ်။

ညီမလေးရှောင်ချောင်း မမအဖေ တကယ်ပြန်ကောင်းသွားမှာပါနော်

လျိုရွှမ်းကျူးရဲ့သမီး ဆယ်နှစ်အရွယ် လျိုဟွေ့ဖန်းက ဆေးကြိတ်တာကိုကူညီရန် ရှောင်ချောင်းရဲ့ ဘေးမှာဝင်ထိုင်လိုက်ပြီး စိုးရိမ်စွာ တိုးတိုးတိတ်တိတ်လေးနဲ့ မေးလာတယ်။

ယွီရှောင်ချောင်းက ဆေးထည့်ကြိတ်တဲ့ မြေအိုးထဲကို ဆေးပင်တွေထည့်လိုက်ပြီး အံ့ဖွယ်ကျောက်တုံးရေကိုပါ အနည်းငယ်ထည့်လိုက်တယ်။ အဲ့ဒီနောက် ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေလိုက်တယ်။

စိတ်မပူပါနဲ့မမရဲ့အဖေ ဆေးနှစ်ခွက်လောက်သောက်ပြီးရင် သက်သာသွားမှာ!

ဒီမှာ ရေနွေးယူခဲ့ပြီ ရှောင်ချောင်းဒီအပူချိန်လောက်ဆိုရလား ရွှမ်းကျူးရဲ့ဇနီးက ရေနွေးထည့်ထားတဲ့ ဇလုံတစ်ခုနဲ့ အဝတ်တစ်ခုယူလာတယ်။

ယွီရှောင်ချောင်းက ရေနွေးရဲ့အပူချိန်ကိုစမ်းသပ်ကြည့်လိုက်ပြီး ထိုအထဲသို့ အံ့ဖွယ်ကျောက်တုံးရေ တဝက်ခန့်ကို ပေါင်းထည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။ ဒီလောက်ဆို အသင့်ပဲအရီး၊ မြန်မြန်လေး ဦးလေးရွှမ်းကျူးရဲ့ ကိုယ်ကိုရေပတ်တိုက်ပေးလိုက်၊ အဓိက,က လည်ပင်းနဲ့ ချိုင်းနေရာတွေပဲ၊ ကိုယ်အပူချိန် မြန်မြန်ကျသွားအောင်လို့

မမရှောင်ချောင်း ရေနွေးထဲကို ဘာတွေထည့်လိုက်တာလဲ၊ အဲ့တာက ဆေးပင်တွေနဲ့လည်းမတူဘူး လျိုမိသားစုရဲ့ ဒုတိယကလေးက ရှောင်ချောင်းနဲ့ ရွယ်တူဖြစ်ပေမယ့် သူကရှောင်ချောင်းထက် ဆယ်လလောက်ငယ်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now