အပိုင်း -၄၃ ( အကြင်နာတရားမရှိဘူး )

2.6K 414 6
                                    

[Zawgyi]
အပိုင်း -၄၃ ( အကြင်နာတရားမရှိဘူး )

တုန်ရှန်းရွာက နှာခေါင်းပေါက်လောက်ပဲ ရှိတဲ့အတွက် ဒီသတင်းက ချက်ချင်းပဲ တစ်ရွာလုံးကို လျင်လျင်မြန်မြန်နဲ့ ပျံ့သွားတယ်။ မနေ့ညတုန်းက ရွှမ်းကျူးရဲ့ဇနီးက ယွီမိသားစုရဲ့ အငယ်ဆုံးသမီးကို လူနာကြည့်ပေးဖို့အတွက် နှင်းတောထဲ ဖြတ်လာပြီးရှာခဲ့ရတယ် ။ သတင်းက တစ်ရွာလုံးကို ပျံ့နေပြီးသားဆိုတော့ ဒီမနက်အစောပိုင်းမှာပဲ တစ်စုံတစ်ယောက်က ဒီဖြစ်ရပ်ကို စုံစမ်းဖို့အတွက် ရွှမ်းကျူးတို့အိမ်ကို သွားခဲ့တယ် ။

အဲ့ဒီနောက်မှာတော့ ယွီရှောင်ချောင်းက လူနာပြုစုဖို့ ခဏခဏ အဖိတ်ခံရတော့တယ် ။ အတွေ့အကြုံများလာတော့ ရှောင်ချောင်းက နောက်ပိုင်း ဆေးကုတဲ့အခါ သာမန် ဖျားတာနာတာလောက်ကို အံ့ဖွယ်ကျောက်တုံး အကူအညီယူမနေတော့ပေ ။ အသေးစား ဖျားနာမှုတွေအတွက်ဆို ရှောင်ချောင်းက သူ့ဘာသာပဲ ဆေးညွှန်ပေးလေ့ရှိပြီး ပြင်းထန်တဲ့ရောဂါတွေအတွက်ဆိုရင်တော့ ဆေးဥဆေးမြစ်တွေထဲ အံ့ဖွယ်ကျောက်တုံးရေ နည်းနည်းပါးပါးသုံးပြီး ထည့်ပေးလေ့ရှိတယ် ။ သူမ ကုသပေးလိုက်တဲ့ လူနာတွေအကုန် လုံးဝသက်သာသွားတာချည်းပဲ ။ ဒါကြောင့်အနီးအနားက ရွာတွေမှာပါ " တုန်ရှန်းရွာက ဆေးဆရာမလေး " ဆိုပြီး ရှောင်ချောင်းက သတင်းမွှေးနေတော့တယ်။

နှင်းက ခုနှစ်ရက်လောက် သည်းထန်စွာကျခဲ့တာမို့ တုန်ရှန်းရွာတစ်ရွာလုံး ဆီနှင်းဖြူဖြူတွေနဲ့ ဖုံးလွှမ်းပြီး ကမ္ဘာပေါ်မှာ အဖြူနဲ့အမဲ နှစ်ရောင်ပဲ ကျန်သလားတောင် ထင်ရလေတယ် ။

ဒီနှင်းမုန်တိုင်းတိုက်ခြင်းရဲ့ နောက်ဆုံးရလဒ်ကတော့ တုန်ရှန်းရွာမှာ အိမ်ခြေနှစ်ဆယ်လောက် ဒုက္ခရောက်ခဲ့ရတာပဲ ။ အဲ့ထဲက သုံးအိမ်ကတော့ ဆီးနှင်းတွေ ဒဏ်ကြောင့် လုံးဝကို ပြိုကျသွားခဲ့တယ် ။ ကံကောင်းလို့သာ သေကြေဒဏ်ရာရတဲ့သူ မရှိတာ ။

ဒါပေမယ့် ရုတ်တရတ် အအေးလွန်ကဲမှုဒဏ်ကို မခံနိုင်တဲ့ လူကြီးသူမတွေနဲ့ ကလေးငယ်လေးတွေက ဒီဆောင်းရာသီ အတွင်းမှာပဲ ကံကုန်ကြရတာတွေ ရှိတယ် ။ နောက်ပြီး အားနည်းတဲ့ အောက်ခြေလူတန်းစာတွေဆိုရင်လည်း ငတ်မွတ်ခေါင်းပါးခြင်းဘေးနဲ့ ရင်ဆိုင်ရတယ် ။ ဒီနှင်းမုန်တိုင်းကြောင့်ပဲ မြို့ထဲမှာလည်း ဆန်စပါးဈေးနှုန်းတွေ တက်ကုန်တော့တယ် ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now