အပိုင်း -၄၄( ခါးသီးတဲ့စိတ်ထိခိုက်မှု )

2.8K 417 0
                                    

[Zawgyi]
အပိုင်း -၄၄( ခါးသီးတဲ့စိတ်ထိခိုက်မှု )

ပိုက်ဆံချေးမယ်? ဒါဆို ဘယ်သူက အကြွေးပြန်ဆပ်မှာလဲ

အမျိုးသမီးလီက ကြားဖြတ်ပြောလိုက်တယ် ။

ယွီဟိုင်က သူမကို စူးစူးဝါးဝါးကြည့်လိုက်ပြီး အနည်းငယ်ဒေါသသံစွက်သော အသံနှင့်

ကျွန်တော်က ပိုက်ဆံချေးတဲ့သူမလို့ ပြန်ဆပ်ရင်လည်း ကျွန်တော်ပဲ ပြန်ဆပ်မှာပါ ! အကြီးဆုံး မရီး စိတ်ပူစရာမလိုပါဘူး!

ဒုတိယ မတ်လေး မင်းရှာတဲ့ ပိုက်ဆံတွေအကုန် ဘယ်သူ့လက်ထဲ အပ်ရတယ်ဆိုတာလည်း မေ့မနေနဲ့ဦးနော်

အမျိုးသမီးက မဲ့ပြုံးတစ်ခုနဲ့အတူ ဆိုတယ်။

ဘယ်လို? ကျွန်တော်က အိမ်မှာ ပိုက်ဆံရှာနေတဲ့သူ ဖြစ်ပြီးတော့ ကိုယ့်သမီးဆေးဖိုးအတွက်တောင် ကိုယ့်ပိုက်ဆံကို ထိခွင့်မရှိဘူးလား အဖေတစ်ယောက်အနေနဲ့ ကိုယ့်သမီးနေမကောင်း ဖြစ်ပြီးသေသွားတာကို ဒီတိုင်းလက်ပိုက်ကြည့်နေရမှာလား။ အဲ့လိုသာလုပ်ရင် ကျွန်တော့်ကိုယ်ကျွန်တော် အဖေတစ်ယောက်လို့တောင် ခေါ်ထိုက်ပါတော့မလား ။ ဒီပိုက်ဆံတွေ ရှာနေရတာ ဘာအတွက်လဲ။ ကျွန်တော် ဘာလို့ တံငါရှာ အမဲလိုက်ထွက် ဆက်လုပ်နေရဦးမှာလဲ။ ကျွန်တော် အိမ်မှာပဲအခန့်သားထိုင်ပြီး ဇနီးသည်နဲ့သမီးနဲ့ အတူတူ ငတ်သေအောင်ပဲ နေလိုက်တော့မှာပေါ့ !

ယွီဟိုင်က နောက်ဆုံးမှာတော့ အဆက်မပြတ် ရန်စကားပြောနေတဲ့ အမျိုးသမီးလီအပေါ် သူ့ဒေါသတွေကို ပေါက်ကွဲချလိုက်တော့တယ် ။

အမျိုးသမီးလီကလည်း ပြန်အော်တယ် ။

မင်းရှာတဲ့ ပိုက်ဆံတွေကို ငါတစ်ပြား တစ်ချက်မှတောင် ရတာမဟုတ်ဘူး ! ဘာလို့ ငါ့ကို လာ အော်နေတာလဲ!

တော်ပြီ ဘာမှ ဆက်မပြောနဲ့တော့! မင်း ဘာစကားမှ မပြောရင်တောင် မင်းကို ဘယ်သူမှ အ, အ လို့ထင်မှာမဟုတ်ဘူး !

ယွီသာ့ရှန်းက သူ့ရဲ့ ဒုတိယညီ အရမ်းစိတ်တိုနေတာသိလို့ သူ့ဇနီးကို အရှေ့ခန်းထဲ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဆွဲခေါ်သွားတယ် ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now