အပိုင်း ၄၅ (ချမ်းသာလာခြင်း)

2.8K 391 3
                                    

[Zawgyi]
အပိုင်း ၄၅ (ချမ်းသာလာခြင်း)

အိုး ရှောင်ချောင်းပဲ ဒီလိုအေးနေတဲ့ နေ့မျိုးမှာတောင် ထောင်ချောက်ဆင်ဖို့ တောင်ပေါ်ကိုသွားခဲ့တာလား

သူမတုံ့ဆိုင်းနေခိုက် ရင်းနှီးနေတဲ့ တတိယသခင်လေးကျိုးရဲ့ အသံက အနီးအနားကနေ ထွက်ပေါ်လာတော့သည်။

ယွီရှောင်ချောင်းလှည့်ကြည့်လိုက်တော့ တော်ဝင်ဆန်တဲ့ အပြာရောင်ဝတ်ရုံတော်ကို ဝတ်ဆင်ထားသည့် ငယ်ရွယ်ချောမောလှသော သခင်လေးတစ်ယောက်က တန်ဖိုးကြီးတဲ့ မြင်းလှည်းတစ်စီးပေါ်ကနေ ဆင်းလာတာကို တွေ့လိုက်ရသည်။ ဒါက တတိယ သခင်လေးကျိုးပဲ။

တတိယသခင်လေး, တိုက်ဆိုင်လိုက်တာ! အခုပဲ သခင်လေးမှာထားတဲ့ သားကောင်တွေ လာပို့တော့မလို့ ဒီနေ့ သားကောင်တွေ အများကြီးဖမ်းမိတယ်လေ အကုန်လုံးကို တစ်ယောက်တည်း မသယ်နိုင်တာ ကြောင့် အဖေ့ကို အကူအညီတောင်းလိုက်တာ

ယွီရှောင်ချောင်းက သူမအဖေကို အနည်းငယ်တွန်းလိုက်ပြီး ကျိုးကျီရွှီ နားကို ကပ်သွားလိုက်တော့၏။
ယွီဟိုင်က တောင်းတောင်းပန်ပြုံးလိုက်ရင်း

တာဝန်ခံလျို ကျွန်တော်တကယ်တောင်းပန်ပါတယ်ဗျာ ကျိန်ရှုံစားသောက်ဆိုင်က ဒီသားကောင်တွေကို ကျွန်တော့်သမီးဆီမှာ ကြိုမှာထားပြီးသားမလို့ပါ နောက်တစ်ခေါက် အခွင့်အရေးရရင် ကျွန်တော် တာဝန်ခံလျိုနဲ့ အလုပ် လုပ်ပါ့မယ်

တာဝန်ခံလျိုရဲ့မျက်နှာကမဲ့သွားပြီး သူ့ရဲ့အမူအရာတွေကလည်း ချက်ချင်း မည်းမှောင် သွားတော့သည်။ သူက ယွီဟိုင်ရဲ့နောက်ကျောကို တံတွေးထွေးလိုက်ရင်း

ညစ်ပတ်ဆင်းရဲတဲ့ မုဆိုးတစ်ယောက်ကများ ငါနဲ့စီးပွားရေးအကြောင်း ပြောဖို့တန်လို့လား ဝန်ထမ်းတွေ အကုန်နားထောင်ကြ! ရှေ့လျောက် ယွီမိသားစုက ပို့သမျှသားကောင်တွေကို ငါတို့လက်မခံတော့ဘူး ကျိန်ရှုံစားသောက်ဆိုင်ကိုသာ တွယ်ကပ်နေစမ်းပါစေ! ဟွန့်

တာဝန်ခံလျိုက ဂုဏ်ယူဝမ်းမြောက်စွာပြောနေပေမဲ့ အတွင်းမှာတော့ တော်တော်လေး စိတ်သောက ရောက်နေတော့သည်။ ဒီနှစ်မှာ နှင်းတွေက တော်တော်လေးကို အပြင်းအထန်ကျဆင်းနေ၏။ နှင်းမုန်တိုင်းများကြောင့် မုဆိုးအများစုက နှင်းတွေထဲမှာ တောင်ပေါ်ကိုသွားပြီး အမဲလိုက်ဖို့ သတ္တိမရှိကြပေ။ ဒါ့ကြောင့် မြို့ထဲက စားသောက်ဆိုင်တွေအားလုံးမှာ သားကောင်တွေ ပြတ်လပ်နေတော့သည်။ မဟုတ်ရင် သူက သူ့ကိုယ်သူနှိမ့်ချပြီး ဘာမှမဟုတ်တဲ့ မုဆိုးတစ်ယောက်နဲ့ ရင်းနှီးသလိုပြုမူမှာ မဟုတ်ပေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now