အပိုင်း ၁၄

3.6K 162 2
                                    

(unicode)

" ရောက်ပြီး၊ မင်းလည်း အိမ်ထဲဝင်တော့လေ "

" အင်း "

လူထင်တစ်ယောက်သူ့ခြံဘက်မပြန်ဘဲ အိမ်ထဲလိုက်ဝင်ချလာသည်။

" ဘာလဲ ဟေ့ ဟေ့လူထင် "

သူ့အိမ်သူရာကဲ့သို့အပေါ်ထပ်သို့ ထပ်တတ်သွားလေ၍ အနောက်က လိုက်ရပြန်သည်။ ဘာမပြော ၊ ညာမပြောဖြင့် အိပ်ခန်းထဲဝင်သွားသူကြောင့် ပြောစရာစကားတို့ပင် မရှိတော့။ အရင်ချိန်က စိတ်ကြိုက်ဝင်ထွက်နေကျမှန်သော်လည်း ခုကအိပ်ချိန်ရောက်နေပြီး။ သူ့အိမ်သူမပြန်ဘဲ လူထင်တစ်ယောက် ဘာလုပ်နေလေပြန်တာလဲ။

" ငါအိပ်တော့မှာ "

" အိပ်လေ "

" မင်းအိမ်မင်းပြန်လေ လူထင်"

" ဝေးတယ်၊ ဒီနေ့ဒီမှာပဲ အိပ်မှာ "

ခြံချင်းကပ်ရက်ကို ဝေးတယ်တဲ့။ ဒီကောင်ရူးများရူးသွားတာလား။

" အိပ်ရင်လည်း ဟိုဘက်တိုးကွာ "

10 : 45 AM...

" အား ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ "

ကိုက်ခဲနေသောခေါင်းကြောင့် စွယ်သော်လင်း
နထင်းကိုအသာဖိလျက် ခဏပြန်မှေးလိုက်သည်။ မျက်လုံးနှစ်လုံးဖွင့်သည်နှင့် ဗိုက်ကဆာလာလေသည်။ ထို့ကြောင့် ရေခဲသေတ္တာထဲ စားစရာကျန်လို့ကျန်ငြားကြည်လိုက်လျှင် ခေါက်ဆွဲခြောက်တစ်ထုပ်နှင့် ရေနှစ်ဘူးကို တွေ့လိုက်ရသည်။ ရေကို အရင်သောက်ထားလိုက်ပြီး ပိုသည့်ရေ​​​ဖြင့်
ရေနွေးတည်ထားလိုက်၏။ ညက ဘယ်လို့ပြန်ရောက်လာတာလဲ။ ဖြစ်နိုင်တာက လူကြီးကို
တွေ့မိလိုက်သလားလို့။  မဖြစ်နိုင်ပါလေ။ ​

XZ အုပ်စုမှတစ်ယောက်ကလည်း လူကြီးမဖြစ်နိုင်။ အချိန်လေး ၂ နှစ်ကျော်နှင့် စီးပွားရေးလော ကရဲ့ထိပ်ဆုံးသူဖြစ်လာဖို့ဆိုသည်မှာ လက်ခံနိုင်စရာမရှိ။ XZအုပ်စုကသူက ခေါင်လှတဲ့ ရွာလေးမှာ သွားနေခဲ့တာကလည်း မဖြစ်နိုင်ပြန်။

အုံးနေကျခေါင်းအုံးသည် ဒီနေ့မှ ဘာလို့မာနေရတာလဲ။ ထပ်အိပ်ချင်​သော်လည်း အရမ်းမာလွန်းသည့်ခေါင်းအုံးကြောင့် စိတ်ညစ်ရသည်။ ထို့ကြောင့် စိတ်တို၍ခေါင်းအုံးကို တစ်ဗုံးဗုံးမြည်အောင် ရိုက်ပစ်လိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now