P_7 (Uni)

4K 725 252
                                    

ပြည်သျှင်မင်းတို့နှစ်ယောက်က ရွာမှာမအိပ်တော့ဘူး၊ ပြန်ချင်ပြီတဲ့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း သူတို့ကိုနားလည်တာမို့ ပြန်ခိုင်းလိုက်တယ်။ နောက်နေ့ရောက်တော့ ဆံရှည်လေးသတင်းက ပျံ ့နှံ့သွားတယ်။ ကျွန်တော့်အိမ်လာတဲ့ဧည့်သည်ဆိုပြီး ကျွန်တော့်ကို လာလာမေးကြတယ်။ လာမေးတဲ့လူမှန်သမျှကို အဲ့ဒါသတင်းအမှားကြီးပါဆိုပြီး ကျွန်တော်က ဗြောင်လိမ်ပစ်လိုက်တယ်။

လပြည့်နေ့ညမှာတော့ ပွဲမကြည့်တော့ဘဲ ကျွန်တော်နဲ့မောင်ထူးက ဘုရားပေါ်တက်ဖြစ်ကြတယ်။ ဘုရားက တောင်ထိပ်မှာမို့ ဘုရားပေါ်ကနေ လှမ်းပြီးတော့ ရွာကိုမြင်နေရတယ်။

ည(၁၁)နာရီလောက်ကျတော့ ကျွန်တော်တို့ပြန်လာကြတယ်။ ရွာပွဲဈေးတန်းကိုလျှောက်တယ်။ ပွဲဈေးတန်းက ကစားစရာတွေမြင်တော့ မမသားလေးအတွက်ဆိုပြီး မောင်ထူးကဝယ်ပြန်တယ်။ ကျွန်တော်က သိပ်မကြည်ချင်တော့။ ဟိုကဖြင့်မွေးထားတာ တစ်နှစ်တောင်မပြည့်သေးဘူး။ ရန်ကုန်ကနေသယ်လာတဲ့ ကစားစရာတွေကိုပဲ အရင်ဆော့ပါစေအုံး။

အဲ့နောက်တော့ ကျွန်တော်တို့ ပင်လယ်ဓားပြလည်း စီးဖြစ်ကြသေးတယ်။ ကျွန်တော်ကမစီးချင်ဘူး။ မောင်ထူးက စီးချင်နေလို့သာ လိုက်စီးရတာ။ ဘယ်နှစ်ခေါက်မှန်းလည်းမသိဘူး။ ထပ်ကာထပ်ကာကို စီးနေတော့တာ။

နောက်တော့ ကျွန်တော်တို့ အိမ်ပြန်ကြတယ်။ အမေကတော့ ပွဲခင်းသွားနေတာထင်တယ်။ အိမ်မှာမရှိဘူး။ အိမ်မှာ မမနဲ့ခန့်စည်သူတို့ပဲရှိတယ်။ သူတို့က ကလေးငယ်နဲ့မို့ ပွဲကကြည့်မရ။

ညလည်းတစ်နာရီကျော်နေပြီမို့ ကျွန်တော်တို့က အိပ်ဖို့ပြင်လိုက်ကြတယ်။ တော်သလင်းလက အရမ်းပူပြင်းတာမို့ နွေရာသီဆို အမြဲအေးနေတတ်တဲ့ မောင်ထူးအသားနဲ့ ထိကပ်ပြီး အိပ်ယာဝင်ရတယ်။ အဲ့လိုကျမှပဲ လူကအိပ်ပျော်တော့တာ။

နောက်နေ့တွေလည်း ရွာမှာပဲနေပြီး ဟိုဟိုဒီဒီလျှောက်သွားဖြစ်တယ်။ မုံရွာကိုလည်း ဘုရားဖူးသွားဖြစ်သလို ပြင်ဦးလွင်ကိုလည်း နှစ်ရက်လောက်လျှောက်လည်ဖြစ်ကြတယ်။ မန်းလေးတောင်၊ မန်းလေးမဟာမြတ်မုနိဘုရားကြီး၊ ကုသိုလ်တော်ဘုရားနဲ့ ကျောက်စိမ်းဘုရားတို့ကိုလည်း သွားရောက်ဖူးမြော်ဖြစ်ကြတယ်။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now