Chapter - 17 (Part 2)

2.9K 470 42
                                    

Unicode

အခု​​ ​​​အူးယမ်က သူ့စိတ်ကို ဗလာဖြစ်သွား​စေတဲ့ ထိတ်လန့်မှုအ​ခြေအ​နေက​နေ ​နောက်ဆုံး​တော့ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး မြန်မြန် ပြန်​ပြောလိုက်တယ်, "ဝမ်ယဲ့, ငါ​ပြောတာ နား​ထောင်, မင်း သူ့ကို အခုထိ နားမလည်​သေး​ဘူး​နော်, မင်းတို့ အကြိမ်အနည်းငယ်​လောက်ပဲ ​တွေ့ရ​သေးတာ, သူက လုံးဝကို မင်းနဲ့လိုက်ဖက်ညီတယ်ဆိုပြီး ဘယ်လိုလုပ် ​သေချာ​နိူင်တာလဲ?"

"သူက ငါသ​ဘောကျတဲ့ပုံစံပဲ, ငါ့ရဲ့လူ​တွေအ​ပေါ် နားလည်နိူင်စွမ်းကို ငါယုံတယ်"

"ဒါ​ပေမယ့်..." အူးယမ်ရဲ့နှုတ်ခမ်း​တွေက တုန်ရီ​နေတယ်, "ငါက မင်းသ​ဘောကျတဲ့ပုံစံမျိုးလို့လည်း ​မင်းပြောခဲ့တယ်​လေ"

"အူးယမ်, မင်းနဲ့အတူရှိရတာက အရမ်းကို သက်​တောင့်သက်သာဖြစ်ပါတယ်, ဒါ​ပေမယ့် ဖြစ်ချင်တဲ့အရာ​တွေက​တော့​ ပျောက်ဆုံး​နေတယ်​လေ, ​နေ့တိုင်းက အတူတူချည်းပဲ, ဒါ​ပေမယ့် သူက​တော့ မတူဘူး, သူနဲ့အတူရှိတဲ့အချိန်မှာ ဘဝက ဘယ်​လောက်​တောင်မှ အံ့ဩစရာ​ကောင်းလိုက်သလဲဆိုတာကို ငါသိခဲ့ရတယ်, အခိုက်အတန့်တစ်ခုစီတိုင်းလိုလိုက အမြဲပြောင်းလဲ​နေတယ်, ​နောက်တစ်စက္ကန့်မှာ ဘာဆက်ဖြစ်မယ်ဆိုတာကို ငါ ဘယ်လိုမှမသိနိူင်ဘူး"

"အောင်မြင်​နေတဲ့လူက အရမ်းကိုဆွဲ​​ဆောင်မှုရှိတယ်ဆိုတာကို မင်းနားလည်ရမယ်, သူက အရမ်းကို ငယ်ရွယ်ပြီး စမတ်ကျတယ်, ရည်မွန်တယ်, ပြီး​တော့ ဗဟုသုတလည်း ကြွယ်တယ်, မင်း အဲဒီ့ဆွဲ​ဆောင်မှုကို ဘယ်လိုမှမရှုံးနိမ့်ဘဲ မ​နေနိူင်ဘူး"

အူးယမ်ကလည်း သူနဲ့ ​အဲဒီ့ရှောင်းမိသားစုရဲ့သခင်ငယ်​လေးကြားက ခြားနားချက်ကို နက်ရှိုင်းစွာ နားလည်တယ်။ အူးယမ်ရဲ့သတ္တိ​တွေက ချက်ချင်းကို ​ပျောက်ကွယ်သွားပြီး အံ့ဩမှင်တက်စွာနဲ့သာ ဆက်​ပြောခဲ့တယ်, "ဒါ​ပေမယ့်, ဒါ​ပေမယ့် သူက ငါတို့နဲ့ တူညီတဲ့ကမ္ဘာကမဟုတ်ဘူး​လေ..."

"ဒါက အတိအကျကို ဘာ​ကြောင့်လဲဆိုတာပဲ" ဝမ်ယဲ့က အလွန်စိတ်လှုပ်ရှားခဲ့တယ်, "လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါတို့ ဘယ်​နေရာ​တွေသွားခဲ့လဲ, ဘယ်လိုမြင်ကွင်း​တွေမြင်ခဲ့လဲ, ဒါမှမဟုတ် ဘယ်လိုကားမျိုး​တွေစီးခဲ့လဲဆိုတာ မင်းမသိဘူး, ချမ်းသာတဲ့လူရဲ့ကမ္ဘာက များ​သောအားဖြင့် စိတ်ကူးယဥ်ကြည့်ဖို့​​​​တောင် မတတ်နိူင်ဘူး, ငါ သူ့ကိုမသိခဲ့ဘူးဆို အဲ့တာ​တွေကိုတွေ့ကြုံဖို့ အခွင့်အ​ရေး ငါ ဘယ်လိုလုပ်ပြီး ရနိူင်မလဲ?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now